ဆက်သွယ်ရေးနှင့်လျှပ်စစ်စီမံကိန်းများအတွက်တောင် ကိုရီးယားမှဒေါ်လာ၁၅၅ဒသမ၈၇၄သန်းချေးယူလိုကြောင်းပြည်ထောင် စုလွှတ်တော်သို့နိုင်ငံတော်သမ္မတသဝဏ်လွှာပေးပို့
1.11.2013
ကိုရီးယားသမ္မတနိုင်ငံ၏ချေးငွေဖြင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့မှ စီမံကိန်းများအကောင်အထည် ဖော်ရန် ကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်း ချေးယူလိုကြောင်းနိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံသို့ သဝဏ်လွှာ တစ်စောင်ပေးပို့ခဲ့သည်။
ချေးငွေရရှိပါက ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနက ကန်ဒေါ်လာ ၅၅ ဒသမ ၈၇၄ သန်းတန် ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ အခြေခံအဆောက်အအုံ ကွန်ရက် တိုးချဲ့တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည် ဖော်မည်ဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကန်ဒေါ်လာသန်း ၁ဝဝတန် ၅ဝဝကေဗွီ တောင်ငူ-ကမာနက်ဓာတ်အားလိုင်းတည်ဆောက်ရေး
စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သည်။
ကိုရီးယားသမ္မတနိုင်ငံက မြန်မာနိုင်ငံနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက်
အမေ ရိကန်ဒေါ်လာ သန်း ၅ဝဝ ထုတ်ချေးခြင်းဖြစ်ပြီး ယင်းအနက်မှ
အထက်ပါဝန်ကြီးဌာနနှစ်ခု၏ စီမံကိန်းများအတွက် ကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄
သန်းနှင့်ညီမျှသော ကိုရီးယားဝမ်ငွေကို ချေးယူသုံးစွဲမည်ဖြစ်သည်။အဆိုပါချေးငွေရယူမည့် သဘောတူညီချက်မှာ
ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြင့် စုစုပေါင်းနှစ် ၄ဝ
ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် သုည ဒသမ ဝ၁ ရာခိုင် နှုန်းဖြစ်သည်။
ကျသင့်အတိုးကို ခြောက်လတစ်ကြိမ်ပေးသွင်းရန်၊ ဆိုင်းငံ့ကာလကုန်ဆုံးပါက ချေးငွေကို တစ်နှစ်လျှင်နှစ်ကြိမ် ခွဲ၍ပေးဆပ်ရန်နှင့်ဆောင်ရွက်ခအဖြစ် ချေးငွေပမာဏ၏ သုည ဒသမဝ၁ ရာခိုင်နှုန်း
ပေးဆောင်ရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ပေးဆပ်မှုနောက်ကျပါက မူလအတိုးနှုန်း
အပေါ်တွင် တစ်နှစ်လျှင် ၂ ရာခိုင်နှုန်း ထပ်ဆောင်းပေး ရမည်ဖြစ်ပါကြောင်း၊
သို့ပါ၍ကိုရီးယား သမ္မတနိုင်ငံ မှ အတိုးနှုန်းသက်သာသော
ချေးငွေအမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်း ရယူပြီး ဆက်သွယ်ရေး၊
သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာ နနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့၏ စီမံကိန်းနှစ်ခုကို အကောင်အထည်ဖော်ရန်ဆောင်ရွက်လိုပါ သဖြင့် ၂ဝ၁၃ခုနှစ်
ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ရယူပေးပါရန်နိုင်ငံတော်သမ္မတထံမှပေးပို့ သည့် သဝဏ်လွှာအတွင်းဖော်ပြပါရှိသည်။
The Union Daily
No comments:
Post a Comment