Pages

Friday, November 1, 2013

စွန့်ပစ်အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်ယူခွင့် ကုမ္ပဏီနှစ်ခုရရှိ

1.11.2013

စွန့်ပစ်အမှိုက်များကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူရာတွင် ပြည်ပ ကုမ္ပဏီနှင့် ပြည်တွင်းပြည်ပဖက်စပ်ကုမ္ပဏီနှစ်ခု ကို ရွေးချယ်ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှူး ဦးသန်းလွင်ဦးက ပြောသည်။

လျှပ်စစ်ထုတ်ယူရန်နှင့် ၉၂ရာခိုင်နှုန်း သန့် စင်သော CNG ထုတ်ယူရန်အတွက်နည်းပညာ (၇၇)မျိုးပါဝင်ပြီး ဌာနမှ ကုမ္ပဏီများအပေါ် ရွေးချယ်မှုလွယ်ကူစေရန် ဖြည့်စွက်ရမည့် အချက် (၁၇)ချက်ကိုပေးပို့ခဲ့ကြောင်း၊ ကုမ္ပဏီမှ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း၍ ထိန်ပင် အမှိုက်ပုံအတွက် ကုမ္ပဏီငါးခု၊ ထားဝယ်ချောင် အမှိုက်ပုံအတွက် ကုမ္ပဏီခြောက်ခုတို့ကို ပဏာမ စိစစ်ရွေးချယ်ခဲ့ကြောင်း၊

ကုမ္ပဏီ ၄၃ခုထဲမှ ထိန်ပင် စွန့်ပစ်အမှိုက်ပုံအတွက် Chasson International Korea ကုမ္ပဏီနှင့် ထားဝယ်ချောင် စွန့်ပစ်အမှိုက်ပုံအတွက် Zeya & Associates & Hyundai Rotem ကုမ္ပဏီနှစ်ခုအား အသီးသီး ရွေးချယ်ခဲ့ကြောင်း ၄င်းကပြောသည်။

''ဒီရွေးချယ်ခံထားရတဲ့ ကုမ္ပဏီအနေနဲ့ အသုံးပြုရမယ့်နည်းကတော့ ကျန်းမာရေးကိုမထိ ခိုက်စေတဲ့ စနစ်ကိုအသုံးပြုပြီးတော့ အဲဒီအထဲ ကမှ ထွက်လာတဲ့ဓာတ်ငွေ့တွေကိုစုဆောင်းရမှာ ဖြစ်ပါတယ်။

စုဆောင်းလို့ရတဲ့ဓာတ်ငွေ့ကို သူတို့ က မီးစက်နဲ့ပေါင်းပြီး လျှပ်စစ်ဓာတ်အားထုတ် လုပ်တဲ့ စနစ်ကိုဆောင်ရွက် မှာဖြစ်ပါတယ်။အဲဒါ ကြောင့် ကျွန်တော်တို့ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ကိုက်ညီလို့ ဒီကုမ္ပဏီနှစ်ခုကို ရွေး ချယ်ခဲ့ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

The Union Daily

No comments:

Post a Comment