Pages

Thursday, November 14, 2013

ဥရောပ၊ ဂျပန်နှင့် ကိုရီးယားလုပ်ငန်းရှင်များ တက်မည့် ဆောက်လုပ်ရေး ထိပ်သီးညီလာခံ ရန်ကုန်တွင် ကျင်းပမည်



Thursday, November 14, 2013

ဥရောပ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ပြည် တွင်းဆောက်လုပ်ရေး လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများပြု လုပ်ရန် ဆောက်လုပ်ရေး ထိပ်သီး ညီလာခံ Myanmar Construction Summit ကို လာမည့်ဒီ ဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လာ ရောက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများ၊ ပညာရှင် များနှင့်ဆွေးနွေးရန် မြန်မာနိုင်ငံ မှ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် မြန်မာပညာရှင်များ၊ ပြည်တွင်းဆောက်လုပ်ရေး လုပ် ငန်းရှင်ကြီးများ တက်ရောက်ကြ မည်ဖြစ်ကြောင်း သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ''အီးယူနိုင်ငံတွေနဲ့ ဂျပန်၊ ကိုရီးယားက မြန်မာ့ဆောက် လုပ်ရေးလုပ်ငန်းတွေ မှာ ရင်းနှီး မြှုပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေက ဒီကတာဝန်ရှိသူတွေ၊ လုပ်ငန်းရှင် တွေနဲ့တွေ့ဆုံပြီး သူတို့ဘယ်နေ ရာတွေမှာ ရင်းနှီးမြှုပ်နှံလို့ရမယ် ဆိုတာတွေကို ဆွေးနွေးဖို့အတွက် အခုလို Myanmar Construction Summit ကို သူတို့ဘက် က တာဝန်ယူ Organize လုပ်ပြီး ကျင်းပတာပါ''ဟု ပြောသည်။

အဆိုပါဆောက်လုပ်ရေး ထိပ်သီးညီလာခံ(Myanmar Construction Summit)ကို လာမည့် ဒီဇင်ဘာ၂ရက်တွင် ရန်ကုန်မြို့ Parkroyal Hotel ၌ကျင်းပမည် ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲအား ကိုရီးယားနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တာဝန်ယူပြု လုပ်ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးတင်အောင်မြင့်က ပြောသည်။

ဦးတင်အောင်မြင့်က ''ဒီနှစ် ပိုင်းမှာ နိုင်ငံတကာကလုပ်ငန်း ရှင်တွေက ဒီကဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ တခြားလုပ်ငန်း တွေမှာရင်းနှီးမြှုပ်နှံဖို့ ခဏခဏ လာဆွေးနွေးကြတယ်။ သူတို့ ဒီ မှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီက ဘယ်နေရာဒေသတွေမှာ ဘာလုပ် ငန်းတွေ ရင်းနှီးမြှုပ်နှံလို့ရတယ် ဆိုတာတွေကို ပြည်တွင်း အစိုးရ တာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင် တွေက ရှင်းပြရတာပါ။ သူတို့ ဒီ က ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့ ဆီက ဆောက်လုပ်ရေး ပညာရှင် တွေပါလာ မှာဆိုတော့ နည်းပညာ တွေ၊ ဆောက်လုပ်ရေးဒီဇိုင်းတွေ ကို ဒီက အင်ဂျင်နီယာလေးတွေ ကရသွားရင် နောက်ပိုင်း ပြည်ပ က ဈေးကြီး တဲ့ဆောက်လုပ်ရေး ပညာရှင် ခေါ်စရာမလိုတဲ့အပြင် နိုင်ငံတကာဈေး ကွက်တွေ လဲ သူ တို့ဆီကရနိုင်မယ့်အတွက် အကျိုး အများကြီးရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအ စိုးရမှ သီလဝါအထူးစီးပွားရေး ဇုန်အား ဂျပန်နှင့်ပူးပေါင်းဆောင် ရွက်မည်ဖြစ်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်းကိုလည်း ထိုင်းနှင့်အကျိုး တူ ဆောင်ရွက်မည်ဖြစ်သည်။ ယင်းအပြင် ပဲခူးတွင်ဆောက် မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်အား ကိုရီးယားမှ တာ ဝန် ယူ ဆောက်လုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန် ရက် မြှင့်တင် မှုလုပ်ငန်းများကို လည်း တယ်လီနောကုမ္ပဏီနှင့် Ooredoo ကုမ္ပဏီတို့မှ ရရှိထား ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment