26.11.2013
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် နယ်မြေ ခံတပ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ယနေ့ နိုဝင်ဘာလ(၂၆)ရက် ညနေ ၆နာရီ အချိန်က ကာလတန်ဖိုးငွေ ကျပ် (၃၈)သိန်းခန့်တန်ဖိုးရှိ ကဖင်းများအား တရားခံနှင့် အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ယာဉ်သွား ယာဉ်လာ ခရီးသွားများအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြစဉ် အသက် (၄၅)နှစ်ရှိ ဦးယားxxx သည် တာချီလိတ် မှ မိုင်းဆတ်ဘက်သို့ Vigo ကားအနက်ရောင်ဖြင့် မောင်းနှင်လာရာ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေး ရှာဖွေသည့်အခါမှာ ယာဉ်နောက်ခန်းရှိ ဘိလပ်မြေအိတ်များအောက်၌ သိုဝှက် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုကုန်ကြမ်း ကဖင်း အလေးချိန် (၂၅)ကီလိုဂရမ် စီ ပါသည့် ဆာလာအိတ် (၂)အိတ်အား ရှာဖွေတွေ့ရှိရာ အဆိုပါ အဖွဲ့မှ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်(ပ)၁၅၅/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ခ)အရ ကဖင်းများအား လက်ဝယ်တွေ့ရှိရသူ အသက် (၄၅)နှစ်ရှိ ဦးယားxxx အား အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။
Tachileik

No comments:
Post a Comment