Pages

Monday, November 11, 2013

လူရည်ချွန် တွေ့ဆုံပွဲ ကော်မတီ အစည်းအဝေးပွဲတွင် ဗဟိုအလုပ် အမှုဆောင် ရွေးချယ်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်း


11.11.2013

လူရည်ချွန် တွေ့ဆုံပွဲ ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ စာသင်ဆောင်(၂)၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ဗဟိုအလုပ် အမှုဆောင် ရွေး ချယ်နိုင်ရေး အတွက် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယင်းရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းရခြင်းမှာ ဇန်န၀ါရီ ၅ ရက်တွင် ပြုလုပ်မည့် လူရည် ချွန် ပြန် လည်တွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှုဆောင် ဖွဲ့စည်းနိုင်ရန် အတွက်ဖြစ်ပြီး အဆိုပါ ရွေးကောက် ပွဲ ကော်မရှင်တွင် ဒေါက်တာသန်းသန်းဆွေ (ဥက္ကဋ္ဌ)၊ ဦးမင်းဆွေ (အတွင်းရေးမှူး)၊ ဒေါ်ညိုညိုခင် (တွဲဖက် အတွင်းရေးမှူး)၊ ဒေါက်တာဦးမောင်မောင်လေး (အထက်မြန်မာပြည်)၊ ဦးတင်လှိုင် (လယ်တွင်း သား စောချစ်) နှင့် ဒေါ်ခင်မြင့်မြင့်တို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖြစ် အဆိုပြုလွှာများကို ဖြန့်ဖြူးခဲ့ပြီး ဖွဲ့စည်းပုံ ကိစ္စနှင့် ပြည် တွင်းပြည်ပ လူရည်ချွန် ကွန်ရက်ပုံစံနှင့် လုပ်ထုံးစည်းမျဉ်း စည်းကမ်းကိစ္စများကို ထပ်မံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ယင်းနေ့ အစည်းအဝေးပွဲတွင်ပင် ဗဟိုအလုပ် အမှုဆောင်အဖြစ် အဆိုပြုလွှာ (၃၁) စောင်ကို လက်ခံရရှိပြီး အစည်းအဝေး မတက်ရောက်နိုင်ခဲ့သော လူရည်ချွန်များ အနေဖြင့်လည်း ယင်းအဆိုပြုလွှာ များကို ဒေါက်တာဒေါ်သန်းဆွေ Novel Square Clinic လမ်း ၂၀ နှင့် အနော်ရထာလမ်းထောင့်၊ ဖုန်း ၀၁-၃၇၃၇ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၈၊ ၉၉ တို့တွင် ရယူနိုင်ပြီး အဆိုပြုလွှာများကို နိုဝင်ဘာ ၁၀ ရက်မှစ၍ လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၅ ရက်တွင် ဖွဲ့စည်းမည့် ဗဟိုအလုပ် အမှုဆောင် ဖွဲ့စည်းပုံမှာ ဥက္ကဋ္ဌ တစ်ဦး၊ ဒုဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ တွဲဖက်အတွင်းရေးမှူး နှစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး တစ်ဦး၊ စာရင်းကိုင် တစ်ဦး၊ စာရင်းစစ် တစ်ဦး၊ ပြန်ကြားဆက်သွယ်ရေး တစ်ဦး၊ အဖွဲ့ဝင် အရန်နှစ် ဦး၊ ပြောရေး ဆိုခွင့်ရ တစ်ဦး၊ အဖွဲ့ဝင် အရန် နှစ်ဦးနှင့် အမှုဆောင် ၁၁ ဦးတို့ဖြင့် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ လူရည်ချွန် ဆက်သွယ်ရန်လိပ်စာ စာရင်းစာအုပ်ပြုစုမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းပြခြင်းနှင့် ဘဏ္ဍာရေးစာရင်း အ၀င်အထွက်များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လူရည်ချွန် ၃၉ ဦး တက်ရောက်ခဲ့ပြီး ၁၉၆၄-၁၉၈၈ အတွင်း လူရည်ချွန် စီမံကိန်းဖြင့် သတ္တမတန်းမှ တက္ကသိုလ်ကောလိပ် သိပံ္ပများမှ ဘက်စုံ ထူးချွန်သော ကျောင်းသားကျောင်း သူနှင့် သင်္ချာလူရည်ချွန်များကို တစ်နှစ်လျှင် ၃၀၀ ဦး ရွေးချယ် ခဲ့ရာ ရွေးချယ်ခံရသည့် လူရည်ချွန်ပေါင်း ၅၁၇၁ ဦးအထိ ရှိခဲ့ကြောင်း လူရည်ချွန်ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

ယင်းသို့ ဗဟိုအလုပ်အမှုဆောင် ဖွဲ့အစည်းရခြင်း၏ ရည်ရွယ်ချက်မှာ ၁၉၆၄-၈၈ အတွင်း ရွေးချယ် ခံရသော လူရည်ချွန်၊ သင်္ချာလူရည်ချွန်အားလုံး ပြန်လည်စုစည်းရန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အကျိုးပြုသော ပညာရှင် အင်အားစု (Think Tank) အဖြစ် ရပ်တည်နိုင်ရေးအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment