Pages

Friday, November 1, 2013

ပြည်သူ့ဆန္ဒ တောင်းခံချိန်နှင့် ပြည်သူ့အကြံပြုချက်များ အသေးစိတ် ဆွေးနွေးရန် အချိန်မလုံလောက်မှု တို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရမည့်ရက် တစ်လနောက်ဆုတ်


ပြည်သူ့ဆန္ဒ တောင်းခံချိန် တိုတောင်းမှု၊ ပြည်သူ့ထံမှ ရရှိသည့် အကြံပြုချက်များ အသေးစိတ် ဆွေးနွေး ရန် အချိန်မလုံလောက်မှု၊ ဒီဇင်ဘာ အားကစားလနှင့် တိုက်ဆိုင်နေမှုတို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရမည့် ရက်ကို တစ်လနောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့သည်။အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ယခုဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။

ယခင်ကအကြံပြုချက်များကို နိုဝင်ဘာ၁၅ရက် နောက်ဆုံးထား ပေးပို့ကြရန် ပြည်သူများထံ တောင်းခံ
ခဲ့ကြောင်း၊ ထို့အတူ ကော်မတီ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်မည်ဟုဆုံးဖြတ်ထားခဲ့ကြကြောင်းသိရသည်။သို့သော်ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ကော်မတီ
အနေဖြင့် ပြည်သူများထံမှ တောင်းခံထားသည့် အချိန်မှာ တိုတောင်းကြောင်း၊ ထို့ပြင်ဒီဇင်ဘာလသည် အားကစားလနှင့်လည်း တိုက်ဆိုင်နေကြောင်း၊ အကြံပြုချက်များအပေါ် ၀ိုင်းဝန်းပြုစုရန် ရှိကြောင်း ၊ ပြုစုချက် အပေါ်တွင် အသေးစိတ် ဆွေးနွေးရန်လည်း ရှိကြောင်း၊ ထို့ကြောင့် အချိန်သည် မလုံလောက် ဟု သုံးသပ်ပါကြောင်း၊ ယင်းဖြစ် ပေါ်လာသည့် အကြောင်းများကြောင့် မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍အကြံဉာဏ် တောင်းခံသည့်အချိန်အားဒီဇင်ဘာ၃၁ရက်အထိတိုးမြှင့်ပြီး ပြည်ထောင် စု လွှတ်တော်သို့ ပြန်လည်တင်ပြရန် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက် နောက်ဆုံးထား တင်ပြရန် သင့်လျော် မည် ဟု အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အစည်းအဝေး၌ ပြောကြားရာတွင် ''ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံသူ၊ နိုင်ငံသား အားလုံးနှင့် သက်ဆိုင်ကြောင်း၊ အားလုံးထံမှ အကြံဉာဏ် ရယူနေသည့် အတွက် ၀မ်းမြောက်မိပါကြောင်း၊ သို့သော် နိုင်ငံသူ၊ နိုင်ငံသား အားလုံးသည် ဥပဒေနှင့် နီးစပ်မှု မရှိသည့်အတွက် လေ့လာကြရမည်ကို နားလည်လက်ခံကြောင်း၊ ထို့ကြောင့် လေ့လာရမည့် အချိန်ကို ယခုလို သုံးလနီးပါး တိုးပေးခြင်းသည် လုံလောက်သည်ဟု ယူဆကြောင်း၊ ယခုကဲ့သို့ တိုးပေးပြီးပါက ကော်မတီမှ မပျက်မကွက် ဆက်လက်ဆောင်ရန်ပေးရန် မေတ္တာရပ် ခံကြောင်း'' ပြော ကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးနှင့် ပတ်သက်၍ ပြည်သူများထံမှ ရောက်ရှိလာသည့် အကြံပြုချက် များစွာရှိကြောင်း၊ ၎င်းတို့မှာ အခန်း(၁)အား အကြံပြုချက် စုစုပေါင်း ၅၁ ချက်၊ အခန်း(၂)အား ၁၅ ချက်၊ အခန်း(၃)အား ၁၅ ချက်၊ အခန်း(၄)အား ၃၃ ချက်၊ အခန်း(၅)အား ၁၁၈ ချက်၊ အခန်း (၆)အား ၂၅ ချက်၊ အခန်း(၇)အား သုံးချက်၊ အခန်း(၈)တွင် ၂၈ ချက်၊ အခန်း(၉)အား ကိုးချက်၊ အခန်း(၁၀)အား လေးချက်၊ အခန်း (၁၁) အား ၁၁ ချက်၊ အခန်း(၁၂)အား နှစ်ချက်၊ အခန်း(၁၃) အား နှစ်ချက်၊ အခန်း (၁၄)အား နှစ်ချက်၊ အခန်း(၁၅)အား လေးချက် အသီးသီး အကြံပြု သုံးသပ်ချက် များ ပေးပို့ထားကြောင်း သိရသည်။

EMG

No comments:

Post a Comment