လိုင်ဇာ၊ အောက်တိုဘာ ၃၁
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် သုံးရက်ကြာ
ပြုလုပ်ရန် သတ်မှတ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ
ထိပ်သီးညီလာခံ ကျင်းပရက်ကို တစ်ရက်ထပ်မံ တိုးမြှင့် လိုက်သော် လည်း
မြစ်ကြီးနားမြို့တွင် အစိုးရနှင့် လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံ မည့်
ဆွေးနွေးပွဲကိုမှု အချိန်ပြောင်းရွှေ့မည် မဟုတ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးအကြား
နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက်
လိုင်ဇာညီလာခံ၏ သဘောထား မူဘောင်ကို အပြီးသတ် ထုတ်ပြန်ရန်နှင့် အကောင်အထည်
ဖော်မည့်အဖွဲ့ ဖွဲ့စည်းရန် ညီလာခံ နောက်ဆုံးရက်ကို မူလသတ်မှတ်သည့် နိုဝင်ဘာ
၁ ရက်နေ့မှ နိုဝင်ဘာ၂ရက်နေ့သို့အချိန်တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၎င်းကရှင်းပြသည်။“မြစ်ကြီးနား ဆွေးနွေးပွဲ
ကတော့ မူလသတ်မှတ်ထားတဲ့
နိုဝင်ဘာ ၄ ရက်နေ့ပဲ။ မပြောင်းဘူး။ ဒီကနေ ၃ ရက်နေ့ ထွက်ကြမယ်” ဟု
ဦးခွန်ဥက္ကာက ဆိုသည်။
နိုင်ငံရေး ဆွေးနွေးပွဲကို ဦးတည်သည့်
ဘုံသဘောတူညီချက် တစ်ခုကို နိုဝင်ဘာလ ၁ ရက်နေ့တွင် အပြီးသတ် သဘောတူ
ဆုံးဖြတ်ပြီးပါက ယင်းသဘောထား လုပ်ငန်းစဉ်များကို တာဝန်ယူ အကောင်အထည်
ဖော်မည့် ပုဂ္ဂိုလ်များ ထပ်မံရွေးချယ်ရမည် ဖြစ်ပြီး ယင်းအတွက်
အချိန်လိုအပ်ကြောင်း ညီလာခံ ကိုယ်စားလှယ်များက ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်များ၏လိုင်ဇာထိပ်သီးညီလာခံပြီးဆုံးသည်နှင့်တစ်ပြိုင်နက်ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ပြန်လည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာ
ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောဆိုထားသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က
နိုဝင်ဘာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သည့်
နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန်
ရည်မှန်းထားပြီး ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည် ဟု
ပြောဆိုထားသည်။
The Voice Weekly
No comments:
Post a Comment