Pages

Sunday, November 24, 2013

အနည်းဆုံးလုပ်ခ တစ်ရက် ၅၆၀၀ ကျပ်ပေးရန် လုပ်သားများတောင်းဆို လုပ်ငန်းရှင်များ ၂၀၀၀ ကျပ်သာ ပေးလို

Sunday, November 24, 2013

ရန်ကုန်- လက်ခစားလုပ်ငန်းများ (CMP)မှ အလုပ်သမားအများစုက အခြေခံလုပ်ခလစာကို တစ်ရက်လျှင် ၅၆၀၀ ကျပ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။

အနည်းဆုံးအခကြေးငွေ နည်းဥပဒေထွက်ရှိပြီးနောက် နှုန်းထားသတ်မှတ်နိုင်ရန် ကော်မတီများဖွဲ့စည်းခဲ့သည်။

ထို့နောက် နှုန်းထားသတ်မှတ်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တို့အား သီးခြား တစ်လှည့် စီ တွေ့ဆုံခဲ့ပြီးနောက် အစိုးရကထပ်မံ၍ လုပ်ငန်းတူမှ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ် များကို တွေ့ဆုံရာတွင် (CMP) လုပ်ငန်းကို ဦးဆုံးအဖြစ် နိုဝင်ဘာ၂၂၊ ၂၃ ရက်တို့ တွင် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးမှုတွင် အထည်ချုပ်လုပ်ငန်းများမှ လုပ်သားများက တစ်ရက်လျှင် အခြေခံလစာငွေ ကျပ် ၂၅၀၀ မှ ၅၀၀၀ ကျော်အထိ သတ်မှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။ သို့သော် အလုပ်ရှင်များက အခြေခံ လစာငွေ တစ်ရက်လျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ ကျော်အထိ သတ်မှတ်ပေးရန် ပြန်လည်တောင်းဆိုခဲ့သည်။

“အလုပ်ရှင်တွေဘက်ကတော့ ၀င်ဝင်ချင်း နှစ်ထောင်ပေးမယ်။ သူတို့အလုပ်အပေါ် ကြိုးစားရင် ကြိုးစား သလောက်ပေးမယ်။ အလုပ်သမားတွေဘက်ကလည်း ၀င်ဝင်ချင်း ဘာပဲဖြစ်ဖြစ် ငါးထောင်လောက်လိုချင်တယ်။ ငါတို့ကတော့ အလုပ်သမားတွေအတွက် သူတို့ဘ၀လူနေမှုဖူလုံတဲ့ပုံစံမျိုးပဲ ပေးချင်တယ်။ အလုပ်သမား က လေးထောင်တောင်းလို့ ကြားကနေ သုံးထောင်လို့သတ်မှတ်ပေးလို့မရဘူး။ အဲဒီလိုသတ်မှတ်ရင် အလုပ် ရှင်တွေဘက်ကလည်း မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ”ဟု ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကပြောသည်။

ထို့အပြင် နိုဝင်ဘာ ၂၃ရက်က ပြုလုပ်ခဲ့သည့် အထည်ချုပ်လုပ်ငန်းမှအပ အခြားလက်ခစားလုပ်ငန်းများဖြစ်သည့် အအေးခန်း၊ ဖိနပ်၊ ဆံပင်တု စသည့်စက်ရုံများမှ အလုပ်သမားအများစုက အနိမ့်ဆုံးအခြေခံလုပ်ခလစာငွေ တစ်ရက်လျှင် ၄၅၀၀ မှ ၅၆၀၀ ကျပ်အထိ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး လက်ရှိပြည်တွင်း လုပ်သားများ အတွက် အနည်းဆုံးအခြေခံလစာငွေ နှုန်းထားထွက်ရှိနိုင်ရန် ဆွေးနွေးမှုတွင် အလုပ်ရှင်၊ အလုပ်သမား အပြိုင် ညှိနှိုင်းဆွေးနွေးလျက်သာရှိသေးပြီး အနည်းဆုံးလုပ်ခလစာနှုန်းထား အတည်ပြုသတ်မှတ်နိုင်ရန် ဒုတိယ အဆင့်သာ ရှိသေးသည်။

လုပ်သားများအနေဖြင့် တစ်ရက်လျှင် လုပ်ခလစာငွေ ကျပ် ၅၆၀၀ တောင်းဆိုရခြင်းသည် လက်ရှိကုန်ဈေးနှုန်း အခြေအနေပေါ်မူတည်၍ စားဝတ်နေရေးပြေလည်ရန်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အခြေခံလုပ်ခလစာနှုန်းထားသတ်မှတ်ရန် နည်းဥပဒေထွက်ရှိပြီး သုံးလအကြာတွင် စတင်ခဲ့ပြီး အဆင့်ငါးဆင့်ဖြင့် သတ်မှတ်ထားသည်။ ထို့အပြင် လက်ရှိလုပ်သားများ ရရှိနေသည့် လုပ်ခလစာဝင်ငွေနှုန်းနှင့် တစ်နေ့ကုန်ကျလျက်ရှိသည့် ကုန်ကျငွေသိရှိနိုင်ရန် စစ်တမ်းကောက်ခံမှုကို နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူများ ဖွဲ့စည်းထားသည့် မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်အဖွဲ့ (MDR)အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)နှင့်ပူးပေါင်း၍ စတင်ကောက်ခံတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်မှုပုံစံနှင့်ပတ်သက်၍ (MIRD)အဖွဲ့မှ အကြီးတန်းသုတေသန ပညာရှင် ဒေါက်တာအောင်သူငြိမ်းက “အလုပ်သမားနဲ့ သူ့မိသားစု လူတန်းစေ့နေနိုင်တဲ့ လစာပေါ့။ ဒါတွေ တွက်ချက်ဖို့ စဉ်းစားသင့်တယ်။ မိသားစုဆိုတဲ့နေရာမှာ အနည်းဆုံးလေးယောက်လောက်လို့ မှန်းပြီး တွက်ပါတယ်။ အာဟာရချို့တဲ့မှုမျိုးမဖြစ်အောင် ဆင်းရဲတွင်းက လွတ်မြောက်အောင်အတွက်လည်း စဉ်းစားဖို့ လိုပါတယ်”ဟု ဆိုသည်။

7Day News Journal

No comments:

Post a Comment