ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၁၃
ရခိုင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွား အတွက် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် အခက် အခဲ များ အတွက် အစီအမံကောင်းများ အမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးရန် ရသေ့တောင်ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေ၏ တိုက်တွန်း အဆိုပြုချက်ကို ဘူးသီးတောင် မဲဆန္ဒနယ်မှ
လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ယင်းအဆိုသည် အမျိုးသား အကျိုးစီးပွားအတွက် မဟုတ် ဘဲ နိုင်ငံတော် အတွက်လည်း အကျိုးမရှိသဖြင့် ကန့်ကွက်ခဲ့ ကြောင်း၊ ဦးရွှေမောင်၏ ယင်းကန့်ကွက်ချက်သည် လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့် မကိုက်ညီကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယမန်နေ့ လွှတ်တော်အစည်းအဝေးတွင် သတိပေးပြောဆိုခဲ့သည်။
The Irrawaddy (Burmese Version)

No comments:
Post a Comment