Pages

Friday, November 15, 2013

မြန်မာနိုင်ငံ၏ ပဋိပက္ခများ ကမ္ဘာက စိတ်ပျက်ခဲ့ရဟု ဘီလ်ကလင်တန်ပြော


15.11.2013

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များကို နိုင်ငံတကာက ချီးကျူး ထောက်ခံကြ သော်လည်း ရခိုင်ပြည်နယ်မှ အစပြု ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ များကြောင့် မြန်မာကို ကမ္ဘာက စိတ်ပျက်ခဲ့ရကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် ပြောကြားလိုက်သည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီး၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။“မြန်မာ့ အပြောင်းအလဲကို ကမ္ဘာက ဂုဏ်ပြုပေမယ့် ဘာသာရေး အကြမ်းဖက်မှု ဖြစ်စဉ် သတင်းတွေကတော့ စိတ်ပျက်စေပါတယ်” ဟု ဘီလ်ကလင်တန်က ဆိုသည်။

ကမ္ဘာ့ မည်သည့် နေရာတွင်ဖြစ်စေ အသားအရောင် အယူဝါဒနှင့် လူမျိုးဓလေ့စရိုက် မတူညီမှုကြောင့် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက် သတ်ဖြတ်ခြင်းများကို ကမ္ဘာက တွေ့မြင်လိုခြင်း မရှိတော့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာ ရေး အသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးအချို့သို့ ကူးစက်ခဲ့မှုကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံးခဲ့ပြီး လူပေါင်း နှစ်သိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

 The Voice Weekly 

No comments:

Post a Comment