Pages

Wednesday, November 20, 2013

ဗြိတိန် အစိုးရ၏ မြန်မာနိုင်ငံ ကူညီထောက်ပံ့မှုများ ပြန်သုံးသပ်မည်


20-11-2013

မြန်မာနိုင်ငံတွင် အစိုးရ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်ရေးအတွက် ဗြိတိန် အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဌာန (Department of International Development - DFID) ၏ ထောက်ပံ့ငွေဖြင့် လုပ်ဆောင်သော လုပ်ငန်း ဆောင်ရွက်ချက် များကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း ဗြိတိန် အစိုးရက ထုတ်ပြန်သည်။ယင်းသုံးသပ်မှု အတွက် ဗြိတိန် ပါလီမန် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာရောက် မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုတို့နှင့် ပတ်သက်သော DFID အဖွဲ့၏ ဆောင်ရွက် ချက်များကို အဓိကထား လေ့လာသုံးသပ်မည် ဖြစ်ကြောင်း၊ ယင်း ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ဝန်ကြီးများ၊ အတိုက် အခံ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် DFID စီမံကိန်း များ ဆောင်ရွက်နေသော မြို့နယ်နှင့် ကျေးရွာများအထိ သွားရောက်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ဗြိတိန် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ပါလီမန်အဖွဲ့က ပြန်လည် သုံးသပ်ပြီး အစီရင်ခံစာတစ်ခု တင်သွင်းကာ အနာဂတ် တွင် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်သွားလို သဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ဗြိတိန် ပါလီမန် ကိုယ်စားလှယ် အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ကချင်နှင့် ရခိုင်ပြည်နယ်များ အပါအဝင် လူသားချင်း စာနာထောက် ထားမှု အကူအညီများနှင့် လယ်ယာစိုက်ပျိုးရေးနှင့် အခြား စွန့်ဦးတီထွင် လုပ်ငန်းများ အတွက် ဗြိတိန် အစိုးရသည် ယခု ဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) တွင် အမေရိကန်ဒေါ်လာ ၉၅ သန်း ထောက်ပံ့ ကူညီထားသည်။ယင်းအပြင် ဗြိတိန် အစိုးရ၏ DFID အဖွဲ့သည် နိုင်ငံရေး ခေါင်းဆောင်များနှင့် သတင်း မီဒီယာသမား များကို အစိုးရ ၏ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် ရွေးကောက်ပွဲ စနစ်အမျိုးမျိုးတို့နှင့် ပတ်သက်ပြီး သင်တန်းပို့ချမှုများ လုပ်ဆောင်ခဲ့သည်။

The Voice

No comments:

Post a Comment