Pages

Thursday, November 28, 2013

မြန်မာ-စင်ကာပူ အပြန်အလှန် ငွေလွှဲလုပ်ငန်းစတင်

28.11.2013

စင်ကာပူနိုင်ငံပိုင် အမြန်ချောပို့လုပ်ငန်း SingPost က မြန်မာနိုင်ငံတွင် နှစ်နိုင်ငံ အပြန်အလှန် ပထမဦး ဆုံး ငွေလွှဲ ဝန်ဆောင်မှု စတင်ပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေ ညာသည်။

SingPost က အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။“ကျွန်တော်တို့ SingPost နဲ့ ပူးပေါင်း ဆောင်ရွက်မှု တစ်ခုပါ။ အရင်က ဒီလို တိုက်ရိုက် အပြန်အလှန် ငွေလွှဲငွေပို့ လုပ်လို့မရဘူး။ အခုတော့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ” ဟု ကမ္ဘောဇဘဏ် နိုင်ငံတကာ ဘဏ်လုပ်ငန်း ဌာနမှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းထွဋ်က The Voice သို့ ပြောကြားသည်။

စင်ကာပူမှ မြန်မာနိုင်ငံသို့ ငွေလွှဲလိုသူများသည် SingPost စာတိုက် အသီးသီးမှ တစ်ဆင့် ငွေလွှဲနိုင် မည်ဖြစ်ကာ SingPost နှင့် ချိတ်ဆက် ဆောင်ရွက်မည့် ပြည်တွင်း ဘဏ်များနှင့် အပြန်အလှန် ငွေ လွှဲခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း SingPost ထံမှ သိရသည်။

ယခင်က ပြည်ပငွေလွှဲ ဝန်ဆောင်မှု ကုမ္ပဏီအချို့နှင့် ပြည်တွင်း ဘဏ်လုပ်ငန်းအချို့ ပူးပေါင်း၍ ပြည်ပနိုင်ငံ များမှ မြန်မာနိုင်ငံ သို့ ငွေလွှဲပို့ နိုင်သော်လည်း နှစ်နိုင်ငံ အပြန်အလှန် ငွေလွှဲခြင်း ကိုမူ ဆောင်ရွက်ခွင့် မရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝန်းထံမှ သိရသည်။

SingPost မှာ စင်ကာပူနိုင်ငံပိုင် အမျိုးသား စာပို့လုပ်ငန်း တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ စာပို့၊ ငွေလွှဲ၊ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။

The  Voice

No comments:

Post a Comment