Pages

Friday, November 22, 2013

ကလေးမြို့ကေတီဗွီခန်းများဆူညံမှု နိုင်ငံတော်သမ္မတထံတိုင်ကြား

ရန်ကုန်၊ နိုဝင်ဘာ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်ရှိ ကာရာအိုကေဆိုင်များမှာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား အနှောက်ယှက်ဖြစ်စေသောကြောင့် နိုင်ငံတော်သမ္မတထံသို့ ယခုလ ၁၉ရက်နေ့တွင် တိုင်ကြားစာပေးပို့ခဲ့ကြောင်း 
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်မှ ဦးဝင်းအောင်ကပြောကြားသည်။

ကေတီဗွီများ၏ ဆူညံသံများကြောင့် ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်များသို့ 
အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ သမ္မတထံတိုင်ကြားရခြင်း
ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကေတီဗွီက ဆူညံသံတွေကြောင့် ရပ်ကွက်ထဲမှာရှိတဲ့ကျောင်းသားတွေအတွက်လည်း အနှောက်ယှက် ဖြစ်တယ်။ 
ကွန်ဒုံးတွေ၊ အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေကိုလည်း လမ်းဘေးမြောင်းထဲမှာ ပစ်ထားကြတယ်။ သက်ဆိုင်ရာတွေက ထိထိရောက်ရောက် အရေးယူမှု မရှိလို့ အခုလို စာတင်ရတာပါ”ဟု ကလေးမြို့ ဒေသခံ ကိုမိုက်ကယ်က ပြောကြားသည်။

ကလေးမြို့ပေါ်ရှိ ကေတီဗွီခန်းများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ကလေး ခရိုင်ရဲမှူးက ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် ကလေးမြို့ပေါ်၌ ကေတီဗွိဆိုင်ပေါင်း ဆယ့်နှစ်ခုဝန်းကျင်ခန့် ရှိပြီး ညလုံးပေါက်ဖွင့်သောဆိုင်များ 
ပိုများကြောင်း ကလေးမြို့ဒေသခံ ကိုကျော်သက်ဝင်းကပြောကြားသည်။


People Power

No comments:

Post a Comment