Pages

Thursday, November 14, 2013

ဆန်အ၀င်လျော့နည်း၍ ဆန်ဈေးတက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃။

ယခုလဆန်စပါးပေါ်ချိန်တွင် သဘာဝဘေးအန္တရာယ်ပျက်စီးမှုများပြီး စပါးရိတ်သိမ်းချိန် နောက်ကျခြင်းကြောင့် ရန်ကုန်မြို့သို့ ဧရာဝတီ တိုင်းနှင့် ရွှေဘိုမြို့နယ်မှ ဆန်တင်ပို့မှု နည်းခြင်းကြောင့် ဆန်ဈေးကွက်ဆန်ရှားပါးပြီး ဈေးများမြင့်တက်နေကြောင်း ၀ါးတန်းလမ်း ဆန်ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်များတွင် ရန်ကုန်မြို့လူဦးရေသန်း ၆၀ ၏ လိုအပ်ချက်အရ တစ်ရက်ပျှမ်းမျှဆန်အိတ် လေးသောင်းခန့်ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် အရေအတွက် အနည်းငယ်လျော့နည်းနေကြောင်း တောင်ဒဂုံမြို့နယ်မှ ၀ါရင်ဆန်ကုန်ကြီးတစ်ဦးကပြောကြားသည်။

“တစ်ရက်နှစ်ရက်ထဲဆန်အ၀င်နည်းရင် အကြောင်းမဟုတ်ဘူးအခုက ငါးရက်လောက်ဖြစ်နေတော့ ဈေးက တက်သွားတာ
အမှန်ဆို ဒီနှစ်က စိုက်ဧကများတယ် ဒါကြောင့်ဈေးက မတက် သင့်သေးဘူး” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ဆန်အ၀င်နည်းနေသဖြင့် ဆန်ချောတစ်အိတ်ကျပ် ၂၀၀၀ ခန့်ဈေးတက်လာပြီး ယခုနှစ်ဈေးတက်ခြင်း
သည် ယခင်နှစ်ထက် နှစ်ပတ်သုံးပတ်ခန့် ဈေးတက်စောကြောင်း ရွှေပြည်စံ ဆန်ဆိုင်မှ ဆိုင်ပိုင်ရှင်က ပြောကြားသည်။

“ကုန်သည်တွေက ဒိုင်ထဲတင် ဈေးအမြင့်နဲ့ခေါ်ရောင်းနေတာ ဒါကြောင့်လည်းပါတယ်” ဟု၎င်းက ပြောကြားသည်။

ဝါးတန်းလမ်းဆန်ကုန်စည် နိုင်ငံအတွင်း၌ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကျပ် ၃၅၅၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကျပ်
၃၂၀၀၀အမြင့်စ၊ အနိမ့်စ တစ်အိတ်ကျပ် ၂၇၀၀၀၊ တောင်ပျံတစ်အိတ်ကျပ် ၃၀၀၀၀၊ ပေါ်ကျွဲတစ် အိတ်ကျပ် ၂၄၀၀၀၊
အကြမ်းဟောင်း တစ်အိတ်ကျပ် ၉၅၀၀၊ အကြမ်းအသစ်တစ်အိတ်ကျပ် ၁၆၀၀၀၊ ပေါ်ဆန်း အသစ်တစ်အိတ်ကျပ် ၂၆၀၀၀တို့ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စည်ဒိုင်မစုံစမ်း သိရှိရသည်။


People Power

No comments:

Post a Comment