Pages

Monday, November 4, 2013

ကြေးနီစီမံကိန်းကိစ္စနဲ့ အင်ကြင်းတောင်ပေါ်မှာ သပိတ်စခန်းဖွင့်လှစ်


Monday, November 4, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ရှိ အင်ကြင်းတောင်ပေါ် မှာ သံဃာတော်တွေ ဦးဆောင်တဲ့ သပိတ်စခန်း ၁ ခုကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခဲ့တယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။

သိမ်တော်ကြီး စေတီတော်နားမှာ မိုင်းခွဲခဲ့တာကြောင့် စေတီတော်မှာ အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ဒေသခံတွေက စေတီတော်ကို ကြည့်ရှုစစ်ဆေး ဖို့ တောင်းဆိုတာကို သက်ဆိုင်ရာက မလိုက်လျောတဲ့အတွက် အခုလို သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေ
တာဖြစ်တဲ့ အကြောင်း တုံကျေးရွာ အုပ်စုက လယ်သမားခေါင်းဆောင် ကိုမင်းမင်းက ပြောပါတယ်။

“စီမံကိန်းကြီးကို စပြီးတော့ ယမ်းတွေ ဖောက်ခွဲနေတဲ့အခါမှာ သိမ်ဘုရားမှာလည်း အက်ကြောင်းတွေ ထင်သွားတယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ အဲဒီဟာအတွက် သိမ်ဘုရားကို တက်ပြီး ကြည့်ရှုခွင့်တောင်းတယ်။ တစ်ပြားမှကို လုံးဝကို မပေးဘူး။ အဲဒါမပေးတဲ့အတွက် ဒါမရမခြင်း ကျွန်တော်တို့ မပြန်ဘူးဆိုပြီးတော့ ဆည်တဲကျေးရွာရဲ့အနောက်ဖက် အင်ကြင်းတောင်ပေါ်မှာ ကျွန်တော်တို့ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေတယ်ခင်ဗျ။”

အခုလို သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေပေမယ့် အစိုးရဘက်က လာရောက် ညှိနှိုင်းတာ မရှိသေးဘူး လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ စီမံကိန်း မစတင်ခင် သာသနိက အဆေက်အအုံတွေကို လွတ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ အကြံပြုထားပြီး ဒီလို ပြောင်းရွှေ့
တဲ့ နေရာဟာလည်း သံဃာတော်တွေနဲ့ ဒေသခံတွေ ကျေနပ်မှုရှိတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ တိုက်တွန်း ထားပြီးအဲဒီအစီရင်ခံစာပါအတိုင်းလုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြတဲ့အကြောင်း ရေဒီယိုသြ
စတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC

No comments:

Post a Comment