Pages

Wednesday, November 6, 2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ယခုနှစ်အတွင်း မဖြစ်မြောက်နိုင်သေးဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆို



6.11.2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက် အား နိုဝင်ဘာ လအတွင်းရေးထိုးနိုင်ရန် အစိုးရက စီမံ ထားသော်လည်း ယခုနှစ်အတွင်း ဖြစ် လာနိုင် ဖွယ်မရှိဘဲ ၂ဝ၁၄ နှစ်ဆန်း ပိုင်းလောက် မှ သာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဆိုသည်။

”ကျွန်တော်တို့မှာ အပြန်အလှန် ဆွေးနွေးငြင်းခုံစရာ အများကြီးရှိသေး တယ်။ ဘာမှအကျေအလည် မဆွေးနွေး ဘဲ လက်မှတ်ထိုးလို့မရဘူး။ ဒါ့ကြောင့် ကျွန်တော်ထင် တယ်။ ၂ဝ၁၄ နှစ်ဆန်း ပိုင်းလောက်မှ ဒီကိစ္စ က ဖြစ်လာနိုင်ပါ လိမ့်မယ်”ဟု ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အထွေထွေ အတွင်းရေး မှူး နိုင်ဟန်သာ က ပြောသည်။

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နိုဝင်ဘာလ အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးသဘောတူညီချက်ကို လက်မှတ်ရေး ထိုးပြီး မှ နိုင် ငံရေးအရဆွေးနွေးမှု ပြုရန် မူဘောင်ကို ရေး ဆွဲရန် တိုက်တွန်းထား သော်လည်းတိုင်းရင်းသားလက်နက် ကိုင်များက အပစ်ရပ်သဘောတူပြီးနောက် နိုင်ငံရေး အရေ ဆွးနွေးရန် တိကျသော အာမခံမှုရရှိရန် အရင်ဆွေးနွေးရမည် ဟုဆိုကြသည်။

ချင်းအမျိုးသားတပ်ဦးမှ ဆလိုင်း လျှန်မှုန်းဆာခေါင်က ”အပစ်ရပ် လက် မှတ်ရေးထိုးပြီးတဲ့ အချိန် မှာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်ဖို့ မူဘောင် (framwork for political dialogue) ရေးဆွဲဖို့အတွက် အဆင်သင့် အနေအထား ဖြစ်နေရမယ်အခုနေထိုးလိုက်ရင် ပိုဆိုးတဲ့အနေအထား တစ်ခုကိုရောက် မသွား နိုင် ဘူး လို့ ဘယ်သူမှ အာမမခံနိုင် ဘူး”ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူဦးဆွမ်လွတ်ဂမ်က ”ကျွန် တော်တို့ထပ်မှားလို့ မဖြစ်ဘူး။ ဒီတစ်ခါ ထပ်မှားရင် ကျွန်တော်တို့ တိုင်း ပြည် ကျွန်တော်တို့ ညီနောင်တိုင်းရင်းသား တွေအတွက် ဆိုးကျိုးတွေ ချည်းပဲ။ ကျွန်တော်တို့ ကေအိုင်အိုအနေနဲ့က တော့ ဘယ်တော့ ဒီကိစ္စ( တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ) ဖြစ်လာမ လဲ ဆိုတာ မမှန်းဆ တတ်ပါဘူး”ဟု ပြော သည်။

KYL

Popular

No comments:

Post a Comment