တည်ဆောက်ပြီးစီးနေသော ခုတင် ၅၀ ဆံ့ သွားနှင့်ခံတွင်း ဆေးရုံ
မန္တလေး ခုတင် ၅၀ ဆံ့ သွားနှင့်ခံတွင်း ဆေးရုံကြီးအား ကျန်းမာရေး ၀န်ကြီးဌာန၏ ခွင့်ပြုမိန့်နှင့် ဆေးရုံ ဖွဲ့စည်းပုံ မရရှိသဖြင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
"လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက အဆောက်အအုံက ဆောက်ပြီးသွားတာ။ အခုထိတော့
မဖွင့်နိုင်သေး ဘူး။ ဘယ်အချိန် ဖွင့်မလဲ ဆိုတာလည်း ပြောလို့မရသေးဘူး" ဟု
သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးက ပြောကြားသည်။
မန္တလေးမြို့ ၆၂
လမ်းနှင့် သိပ္ပံလမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် တွဲဖက်ကာ ခုတင် ၅၀
ဆံ့ ဆေးရုံကြီးအား ဆောက်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ခုတင် ၃၀၀
ဆေးရုံကြီးနှင့် တွဲဖက် ကာ ဆေးကုသမှု ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
"ခုတင် ၃၀၀ ဆေးရုံကြီးနဲ့တွဲပြီး ဆေးကုသမှု လုပ်နေပါတယ်။ လက်ရှိတော့ ခုတင်
၅၀ ဆံ့ ဆေးရုံကို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ခံတွင်းနဲ့
မေးရိုးခွဲစိတ်ကု ပညာဌာန အနေနဲ့ ဖွင့်ထားတယ်" ဟု သွားဘက်ဆိုင်ရာ
တက္ကသိုလ်ရှိ ဆရာဝန်တစ်ဦးက ပြောကြားသည်။
သွားဘက်ဆိုင်ရာ
ဆေးတက္ကသိုလ်ရှိ ဆေးကုသရာ ဌာနများတွင် ခံတွင်းကင်ဆာ ဝေဒနာသည်များ အပါအ၀င်
တစ်ရက်လူနာ ၈၀ ခန့် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
"မန္တလေး
ဆေးရုံကြီးမှာ ခံတွင်းကင်ဆာ ဝေဒနာသည်တွေ အရမ်းများနေတယ်။ ခုတင် ၅၀
ဆံ့ဆေးရုံ ဖွင့်လိုက်ရင် လူနာတွေအတွက် ကုသမှုပိုင်းရော၊ နေရာအခက်အခဲရော
တော်တော်ကို အဆင်ပြေသွားမှာ" ဟု သွားဘက်ဆိုင်ရာ အလုပ်သင် ဆရာဝန် တစ်ဦးက
ပြောကြားသည်။
Eleven Media Group

No comments:
Post a Comment