24.11.2013
နောင်ချိုမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောက်လျှက်ရှိသော အဆောက်အဦး ခွန်များ သုံးဆကျော် ဈေးနှုန်းမြင့် တက်လာကြောင်း နောင်ချိုမြို့နယ် ယင်းအခွန်ဆောင်ရသူ ဒေသခံများက ပြောကြသည်။ အဆောက်အဦးခွန်များမှာ ယခင်နှစ် ကျပ်(၂၀၀၀)နှုန်း ကောက်ခံနေရာမှ ယခုနှစ်အတွင်း (၉၆၀၀)ကျပ်နှုန်း အထိဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ြေ ကာင်း နောင် ချိုမြို့ တောင်ရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့နှစ်က (၂၅၀၀)ကနေ အခုနှစ်ကျတော့ (၉၆၀၀)တောင်ဖြစ်သွားတာ ဖြတ်ပိုင်းလပို့မှပဲ ဈေးတက်တာ သိရတယ်။ သွားတော့ မဆောင်ရသေးဘူး။ ဒီလောက်တောင် တက်သွားတာဆိုတော့ ဇဝေဇ၀ါ ဖြစ်သွားရတယ်” ဟု တောင်ရပ်ကွက် တွင် နေထိုင်သူ ဦးစိုးသိန်းက ပြောသည်။
ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်နေသည်ကို စည်ပင်သာယာရေးအဖွဲ့မှ ကြိုတင်အသိပေးထားခြင်း မရှိကြောင်း ဒေသခံ များထံမှ
သိရှိရသည်။ ၎င်းကိစ္စအတွက် နောင်ချိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြရာတွင် အဆောက်အဦးခွန်များ တိုးကောက်ရာတွင် တဲအိမ်နှင့် ထရံကာ၊ သက်ကယ်မိုးအိမ်များ မပါဝင်ပါကြောင်း၊တစ်ထပ်နံကပ်တို က်အိမ်များအား ယခင် (၉၀၀၀)ကျပ် ကောက်ခံနေရာမှ ယခု (၁၂၀၀၀) ကျပ်သို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်ပြီး အခြားတိုက်တာ အဆောက် အဦးများအားလည်း ဈေးနှုန်းအနည်းငယ် မြင့်တက်ထားခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံဆိုရာတွင်လည်း စည်ပင်၏ လုပ်ငန်းဆောင်ရွက်မှုအားနည်းချက် များကြောင့် ယခင် မြို့နယ်အနှံ့ကွင်းဆင်း၍ လေ့လာခြင်း မပြုနိုင်ခဲ့၍ ယခုကွင်း ဆင်းလေ့လာ သည့်အခါ အချို့တဲအိမ်များမှာ တိုက်တာ အဆောက်အဦးများ ဖြစ်နေ၍ သတ်မှတ်ချက်နှင့် အညီ ဈေးနှုန်း မြင့်တင်ကောက်ခံရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ နောင်ချိုမြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၃၁၇၁)ခုရှိပြီး စည်ပင်မှ ကောက်ခံရရှိငွေမှာတစ်နှစ်လျှင် နောင်ချိုမြို့ တစ်မြို့နယ်လုံးအတွက် ကျပ်သိန်းပေါင်း(၃၀၆၈)သိန်း ရရှိကြောင်း နောင်ချိုမြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
စိုင်းကံသာ(လားရှိုး)
The Myanma Age
နောင်ချိုမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောက်လျှက်ရှိသော အဆောက်အဦး ခွန်များ သုံးဆကျော် ဈေးနှုန်းမြင့် တက်လာကြောင်း နောင်ချိုမြို့နယ် ယင်းအခွန်ဆောင်ရသူ ဒေသခံများက ပြောကြသည်။ အဆောက်အဦးခွန်များမှာ ယခင်နှစ် ကျပ်(၂၀၀၀)နှုန်း ကောက်ခံနေရာမှ ယခုနှစ်အတွင်း (၉၆၀၀)ကျပ်နှုန်း အထိဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ြေ
“ ပြီးခဲ့တဲ့နှစ်က (၂၅၀၀)ကနေ အခုနှစ်ကျတော့ (၉၆၀၀)တောင်ဖြစ်သွားတာ ဖြတ်ပိုင်းလပို့မှပဲ ဈေးတက်တာ သိရတယ်။ သွားတော့ မဆောင်ရသေးဘူး။ ဒီလောက်တောင် တက်သွားတာဆိုတော့ ဇဝေဇ၀ါ ဖြစ်သွားရတယ်” ဟု တောင်ရပ်ကွက် တွင် နေထိုင်သူ ဦးစိုးသိန်းက ပြောသည်။
ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်နေသည်ကို စည်ပင်သာယာရေးအဖွဲ့မှ ကြိုတင်အသိပေးထားခြင်း မရှိကြောင်း ဒေသခံ များထံမှ
သိရှိရသည်။ ၎င်းကိစ္စအတွက် နောင်ချိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြရာတွင် အဆောက်အဦးခွန်များ တိုးကောက်ရာတွင် တဲအိမ်နှင့် ထရံကာ၊ သက်ကယ်မိုးအိမ်များ မပါဝင်ပါကြောင်း၊တစ်ထပ်နံကပ်တို
စိုင်းကံသာ(လားရှိုး)
The Myanma Age
No comments:
Post a Comment