ဟင်္သာနီ (မွန်မြေ)
ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အောက်တိုဘာလ ၂၉ ရက်က ကျင်းပခဲ့သည့် ထိုင်းနိုင်ငံမှ ကုန်သည်ကြီး များနှင့် မြန်မာနိုင်ငံကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များ၏ ဒုတိယအကြိမ် (Busi- ness Matching) တွေ့ဆုံပွဲတွင် ထိုင်းဘတ်ငွေသန်း ၆၀ ခန့် (ကျပ် သန်း ၁၈၀ ခန့်) နှစ်ဖက် ကုန်သည်များ အရောင်းအ၀ယ်ပြုရန် သဘောတူခဲ့သည်ဟု နှစ်ဖက်တွေ့ဆုံပွဲကို ဦးဆောင်ကျင်းပခဲ့သည့် တာခ် ခရိုင်နယ်စပ် ကုန်သွယ်ရေးအဖွဲ့မှ အတွင်းရေးမှူး မစ္စစ်စေကောင်းဇုဆိုင်းချေ့က အောက်တိုဘာ ၃၀ တွင် ပြောသည်။
၎င်းက “ ဒီပွဲကို တာခ်ခရိုင်နယ်စပ် ကုန်သွယ်ရေးအဖွဲ့က ဦးဆောင်လုပ်တယ်ဆိုပေမယ့် တာခ်ခရိုင်ဝန် ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် အခမ်းအနားကို တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ သူကလည်း ဒီကိစ္စကို အများကြီး ပံ့ပိုးပေးပါတယ်။ ပထမအကြိမ်ကထက် နှစ်ဖက်အရောင်းအ၀ယ် လုပ်နိုင်ကြတာထက် မနည်း ခဲ့ပါဘူး၊ ဘတ်ငွေ သန်း ၆၀ လောက် အရောင်းအ၀ယ် ပြုနိုင်ခဲ့တယ်” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာကုန်သည်များမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ သားရေထည်ပစ္စည်း၊ စားသောက်ကုန် ပစ္စည်းများ၊ အိမ်သုံးပစ္စည်း အမျိုးမျိုး၊ အလှကုန် ပစ္စည်း စသည်တို့ကို ထိုင်းနိုင်ငံမှ အဓိက၀ယ်ယူခဲ့ကာ ထိုင်းနိုင်ငံကုန်သည်ကြီးများအသ
နှစ်ဖက်ကုန်သည်ကြီးများ တွေ့ဆုံပွဲကို မဲဆောက်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။ ယခု အကြိမ် ထိုင်းနိုင်ငံသို့ လာရောက်လေ့လာခဲ့သည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကုန်သည်ကြီးများအဖွဲ့တွင် မွန်ပြည်နယ်မှ လုပ်ငန်းရှင် ၁၅ ဦးခန့်နှင့် ကရင်ပြည်နယ်မှ ငါးဦးခန့် ပါဝင်သည်။
ထိုင်းလုပ်ငန်းရှင်များဘက်တွင် မဲဆောက်ခရိုင်မှ ကုန်သည်ကြီးများ သက်သက်သာမဟုတ်ဘဲ အခြား ဗန်ကောက်၊ ဆုဂိုးထိုင်း၊ နခွန်ပထုမ်၊ ဆမုတ်ပရာကန်နှင့် ကန်ချနဘူရီခရိုင်တို့မှ ကုန်သည်ကြီးများပါ တက်ရောက်ခဲ့ကြကာ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းမျာ
ထိုင်းကုန် ပစ္စည်းများအနေနှင့် မြန်မာ့ဈေးကွက်ကို အထူးမိတ်ဆက်စရာ မလိုတော့ဘဲ ၎င်းအပေါ် အရည်အသွေးမြင့်သည့် ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ကုန်သွယ်နိုင်ရေး
ထို့ပြင် တာခ်ခရိုင်ဝန် မစ္စတာဆူရိယပရာဇာတ်ဗာန်ဒိတ်စ်မှ မြန်မာနိုင်ငံသို့လည်း သွားရောက်၍ စီးပွား အချက်အခြာအရ ထိုင်းလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် ကဏ္ဍများကို လည်း လေ့လာခဲ့ ပြီးဖြစ် ကာ ဆေးရုံ၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ရေထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်
ပြီးခဲ့သည့် ပထမအကြိမ် နှစ်ဖက်လုပ်ငန်းရှင်များအကြား တွေ့ဆုံပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့၌ သြဂုတ်လအတွင်းတွင် ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံတာခ်ခရိုင်ခရိုင်ဝ
နှစ်ဖက် စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် တာခ်ခရိုင် နယ်စပ်ကုန်သွယ်ရေးအဖွဲ့၊ တာခ်ခရိုင်ဝန်၊Nok Air လေကြောင်းလိုင်းနှင့် သီရိဟံသာ ကုမ္ပဏီတို့မှ ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Mizzima
No comments:
Post a Comment