Pages

Friday, November 8, 2013

ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်

ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် အပေါ်စွပ်စွဲထားသည့် ၂ဝဝ၇ ခုနှစ် စစ်ဘက်စီးနင်း တိုက်ခိုက်မှု တစ်ခုတွင် ပါကစ္စတန် နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ အနီရောင်ဗလီ၏ ထိပ်တန်း ဘာသာရေးခေါင်းဆောင် အဗ္ဗဒူလ်ရာ ရှစ်ဒ်ဂါဇီ အသတ်ခံရမှု အတွက် အစ္စလာမ်မာဘတ် တရားရုံးတွင် နှစ်ရက်ကြာကြားနာ စစ်ဆေးပြီးနောက် တရားရုံး၏ အာမခံချက်ဖြင့် နိုဝင်ဘာ ၆ ရက်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် ခဲ့ကြောင်း ၎င်း၏ရှေ့နေ အာမက်ဒ် ရီဇာကာဆူရီ က ပြောကြားခဲ့သည်။

မူရှာရက်ဖ်သည် ၂ဝဝ၇ ခုနှစ် ကဖြစ်ပွားခဲ့သော ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံ သတ်ဖြတ်ခံရမှု အပါအဝင် ပြစ်မှုလေးခုတွင် အာမခံချက်များ ရရှိခဲ့ပြီးဖြစ်သည်။ တရားခံ ဘက် ရှေ့နေများက ရူပီး တစ်သိန်းစီတန်ဖိုးရှိ ခံဝန်ကတိ နှစ်စောင်ကို အဆိုပြု တင်သွင်းခဲ့ပြီးနောက် မူရှာရက်ဖ် အား အစ္စလာမ် မာဘတ်တရားသူကြီး ဝါဂျစ်အလီက လွတ်ငြိမ်းချမ်းသာ ခွင့်ပြုသော အမိန့်စာ များ ရေးသားထုတ်ပြန်ခဲ့သည်။

ထိပ်တန်းဘာသာရေး ခေါင်းဆောင် အဗ္ဗဒူလ်ရာရှစ်ဒ်ဂါဇီ၏ သားဖြစ်သူ ဟာရွန်းရာရှိဒ်က ၎င်း၏ဖခင် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မူရှာရက်ဖ်အား တရားစွဲဆိုခဲ့ပြီးနောက် ရက် သတ္တပတ် ပေါင်းများစွာ အကြာ အောက်တိုဘာ ၁ဝ ရက်တွင် တရားဝင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Yangon Media

No comments:

Post a Comment