Pages

Wednesday, November 27, 2013

မန္တလေး ယဉ်ကျေးမှုဇုန် အတွင်းရှိ အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား လာရောက်မှု များပြား


အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ် နေကြသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်
27.11.2013

ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း၌ လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည့် မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ခရီးသွားရာသီ မစတင်မီ အချိန်ကတည်းကပင် အင်းဝမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု အများအပြား ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ စုံစမ်းသိရသည်။

"ဒီနှစ်ခရီးသွား ရာသီက ပြင်သစ်လူမျိုး အများဆုံး လာရောက်လည်ပတ်တာကို တွေ့ရပါတယ်။ အင်းဝ မြို့ဟောင်းကိုတော့ နိုင်ငံခြားသား ခရီးသွားတွေ သွားရောက်လည်ပတ်တဲ့ အခါမှာ လမ်းတွေ မကောင်းတာ ကိုတော့ ဝေဖန်တာတွေ ရှိပါတယ်" ဟု မန္တလေးမြို့မှ ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးက ပြောဆိုခဲ့သည်။ တံတားဦး မြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းတွင် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား သွားရောက်လည်ပတ်သည့် နေရာများမှာ ဗားကရာကျောင်းတော်၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်နှင့် နန်းတော်ဟောင်း နေရာများ၊ စေတီပုထိုးများနှင့် အခြားရှေးဟောင်း အဆောက်အဦများသို့ အများဆုံး လာရောက်လည်ပတ်ကြကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွား အများဆုံး လာရောက်လည်ပတ် နေကြသည့် အင်းဝမြို့ဟောင်းတွင် ဗားက ရာကျောင်းသို့ သွားရာလမ်းနှင့် နန်းမြို့တွင်း လမ်းများမှာ ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အမြန်ပြုပြင်ပေးရန် လိုအပ်နေကြောင်းကို ခရီးသွား ဧည့်လမ်းညွှန် အချို့နှင့် ဒေသခံများ မှ ဝေဖန်ပြော ဆိုမှုများ ရှိနေကြသည်။

Eleven Media 

No comments:

Post a Comment