ကိုယ်စီဆုံးဖြတ်ချက်များ ယူဆောင်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ဖက်အသေးစိတ် ဆက်ဆွေးနွေးရန်လို
5.11.2013
ကချင်ပြည်နယ်မြစ်ကြီးနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အို
အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များဆွေးနွေးပွဲတွင် နှစ်ဖက်အမြင်မတူမှုများရှိနေသေးသည့် အတွက် ဆွေးနွေးသည့်အချက်များကို သေချာစွာ ဆက်လက်ဆွေးနွေးရန် လိုအပ်နေသေးသည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက နိုင်ငံရေးမူဘောင်များကို
အသီးသီးတင်ပြဆွေးနွေးကြပြီး ညှိနှိုင်းရန်လို အပ်နေသေးသည်ဟု
အစိုးရဘက်မှတက်ရောက်လာသော ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောသည်။
“Political Frame Work အပေါ်မှာ ကျွန်တော်တို့က ဘယ်လောက်လက်ခံလဲပေါ်မှာ
နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမှာဖြစ်တယ်။ ယခင်အနေအထားနဲ့စာရင်တော့
တကယ့်ကိုသေချာတဲ့ ငြိမ်းချမ်းရေးပေါ့။ ယခင် နေအထားနဲ့စာရင်တော့
အများကြီးတိုးတက်လာတယ်လို့ ပြောလို့ရတယ်” ဟု ဒု-ဗိုလ်မှူးကြီးမြင့်စိုးက
သတင်းထောက်များ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားသည်။
ယင်းကဲ့သို့ပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍လည်း အစိုးရဘက်မှ
လက်တွေ့ဆောင် ရွက်နေသော အပိုင်းများရှိသကဲ့သို့ တိုင်းရင်းသားများဘက်ကလည်း
ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရန် ကြိုးပမ်းမှုများရှိပြီး
နှစ်ဖက်အမြင်ကွဲလွဲမှုများရှိနိုင်သည်ဟု ၎င်းကဆိုသည်။
မြစ်ကြီးနားမြို့ မဂျယ်ခန်းမတွင် အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကေအိုင်အို အပါအ၀င်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ဆွေးနွေး မည်ဖြစ်သည်။
တိုင်းရင်းသားများဘက်ကမူ ကချင်ပြည်နယ်လိုင်ဇာမြို့တွင်ကျင်းပသည့် တိုင်းရင်းသားခေါင်းဆောင်များ ညီလာခံတွင် ဘုံသဘောတူညီချက်ရရှိခဲ့သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာအချက်
၁၁ ချက် ကိုဆွေးနွေးမည်ဖြစ်ပြီး ထိုအချက်များအထဲမှ
တိုင်းရင်းသားများပါဝင်သည့် ပြည်ထောင်စုတပ် မတော်ဖွဲ့စည်းရန် အချက်ကိုမူ
သဘောတူညီမှုမရရှိသေးပေ။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက
“ကျေးဇူးတင်ကြောင်းပြောဖို့နဲ့ လိုင်ဇာသဘောတူညီချက် (Agreement)ကို
လာရှင်းပြတာ ပါ။ ကျွန်တော်တို့ လိုင်ဇာသဘောတူညီချက်မှာ အသေးစိတ်
(Detail)မလုပ်ရသေးဘူး။ အခန်း၁၁ခန်းကို။ Ethnic အဖွဲ့တွေကလည်း မဆုံသေးဘူး။
ဝနဲ့ မိုင်းလားရဲ့ သဘောထားကိုယူပြီး သူတို့ပါလာပြီး တညီတညွတ် တည်း
ဖြစ်စေချင်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သော ဆွေးနွေးပွဲတစ်ခုကို လုပ်ဆောင် ခြင်းသည် မြန်မာနိုင်ငံ၏အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်အရေးပါသော တိုးတက်မှုတစ်ခု ဖြစ်ပြီး ထိုဆွေးနွေးပွဲရလာဒ်သည် နိုင်ငံအတွက်အခြေအနေကောင်းမွန်သည့် အကျိုးရလဒ်ဖြစ်နိုင်သည် ဟု ဆွေးနွေးပွဲတက်ရောက်နေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ပြောသည်။
“UN အနေနဲ့ ၀ိုင်းဝန်းပံ့ပိုးပေးနိုင် မယ်လို့မျှော်လင့်တယ်။ UN
အနေနဲ့ကဘက်မလိုက်တဲ့ ကြားနေလေ့ လာသူအနေနဲ့ ပါဝင်တာဖြစ်တယ်။
ကျွန်တော်တို့ကို ဒီလုပ်ငန်းမှာပါဝင်ဖို့ခေါ်ရင် ပါဝင်မယ်။ နိုင်ငံနဲ့ ဒေသ
အကျိုးစီးပွား အတွက်အခုတွေ့ဆုံပွဲက အရမ်းကိုမျှော်လင့်ဖို့ကောင်းတဲ့ အဆင့်တစ်ခုဖြစ်တယ်”ဟု ဗီဂျေနမ်ဘီးယားကပြောသည်။
ဆွေးနွေးပွဲတွင် အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီးဦး အောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးတို့ တက်ရောက်ခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များဘက်မှ ကေအိုင်အိုအပါအ၀င် လိုင်ဇာညီလာခံမှ တစ်နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ် စဲရေး ညှိနှိုင်းကော်မတီဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ကြသည်။
(မဇ္ဈိမသတင်းဌာန)
No comments:
Post a Comment