4.11.2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မနောကွင်းဥယျဉ် မဂျွယ်ခန်းမမှာ
မနက်ဖြန်ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိသွားပါတယ်။
လိုင်ဇာဆွေးနွေးပွဲကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့က
ကိုယ်စားလှယ်တွေ ဒီကနေ့ညနေပိုင်း မှာ မြစ်ကြီးနားမြို့
ကိုရောက်ရှိတာနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက်
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCGက ဦးဆန်းအောင်က အခုလိုပြောပါတယ်။
"အားလုံး၁၈ဖွဲ့ ရောက်နေပါပြီ။KNU၊RCSS၊SSPPတို့အားလုံးရောက်နေပါပြီ။၎ရက်၅ရက် နှစ်ရက် ဆွေးနွေးမှာပေါ့"
ကေအိုင်အို အခြေစိုက်တဲ့ လိုင်ဇာမြို့ မှာမနေ့က
တိုင်းရင်းသားလက်နက်အဖွဲ့တွေရဲ့ ဆွေးနွေးသဘောတူညီမှု ကနေ
ဘုံရပ်တည်ချက်တစ်ခုချမှတ်နိုင်ခဲ့ပြီးမနက်ဖြန်မှာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ဆက်လက်ဆွေးနွေးကြမှာပါ။
RFA
No comments:
Post a Comment