Pages

Friday, November 1, 2013

အာဆီယံမသန်စွမ်းသူများပြိုင်ပွဲအလှူငွေများ စတင်လက်ခံ

1.11.2013

မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်ကျင်းပမည့် ၇ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများပြိုင်ပွဲ
(7th Asean Para games) ပြိုင်ပွဲဝင်မည့် မသန်စွမ်း အားကစားသမားများအတွက် Sponsor ပေးမည့်
ကုမ္ပဏီများနှင့် အလှူရှင်များကို ကြိုဆိုလျက်ရှိကြောင်း Official Sponsorship Management မှ အမှုဆောင်
အရာရှိချုပ် ဦးအောင်နီနီဇော်က ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ Sponsor ပေးမယ့်သူတွေကို ဖိတ်ခေါ်ပါတယ်။ ဒီလိုမသန်စွမ်းကစားသမားတွေကို Sponsor ပေးလိုက်မယ်ဆိုရင်တော့ သူတို့အတွက်တော့ အားတက်စရာတွေဖြစ်လာမှာပေါ့”ဟု ၎င်းက
ပြောကြားသည်။

အိမ်ရှင်အဖြစ်လက်ခံကျင်းပနေချိန်တွင်လည်းနိုင်ငံတကာနှင့် တန်းတူကျင်းပ နိုင်ရန်ကြိုးစား
သွားမည်ဖြစ်ကြောင်း ဦးအောင်နီနီဇော်က ပြောကြားသည်။

၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက်မှ ၂၀ရက်အထိနေပြည်တော်တိုင်းဒေသကြီးတွင် ၂၇ ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲအပြီး၌ ကျင်းပမည့် ၇ ကြိမ် မြောက်အာဆီယံမသန်စွန်းသူများ အားကစားပြိုင်ပွဲကြီး
(7th Asean Para games)ကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းကြီးတွင် ကျင်းပသွား
မည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲကြီးကဲ့သို့ မြန်မာနိုင်ငံသားတို့ အားပေးစေချင်ကြောင်း မြန်မာလူမျိုးများ တွင် ဖြူစင်သောစိတ်ထားနှင့် ကြင်နာတတ်သောနှလုံးသားရှိသော်လည်း ယင်းကဲ့သို့ ပြိုင်ပွဲများ လာရောက်အားပေးမှုနည်းပါးနေသောကြောင့် လာရောက်အားပေး စေချင်ကြောင်းနှင့် အလှူ
ရှင်များအနေဖြင့် လည်း ပြိုင်ပွဲမကျင်းပမီ လှူနိုင် ကြောင်းနှင့် Sponsor ပေးမည့်သူများအနေဖြင့်လည်း
၎င်းတို့ကုမ္ပဏီဖြင့် ချိတ် ဆက်၍ ပြုလုပ်နိုင်ကြောင်း ၎င်းကုမ္ပဏီအား ဆက်သွယ်လှူဒါန်းလိုလျှင် ဖုန်း
၀၉ ၅၀၃၆၆၇၅ သို့ဆက်သွယ် လှူဒါန်းနိုင်ကြောင်း Official Sponsorship Management အဖွဲ့ထံမှ
သိရသည်။

ပရိသတ်များအနေဖြင့် တခြား အား ကစားသမားများလို မသန်စွမ်းသူများ၏ အားကစားပြိုင်ပွဲများကိုလည်း တန်း
တူညီမျှ လာရောက်အားပေး ရန် လိုအပ်နေကြောင်း၊ ပရိသတ်များ၏ အားပေးမှုများသည် မသန်စွမ်း အားကစား သမားများအတွက် မသန်ပေမယ့် အစွမ်းထက်ကြောင်းကိုပြသနိုင်ရန် အားဆေးတစ်ခွက်ဖြစ်လာနိုင်ကြောင်း မသန်စွမ်းသူများအားကစားအဖွဲ့ထံမှ သိရသည်။


People  Power

No comments:

Post a Comment