Pages

Friday, November 1, 2013

တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို



မော်စကို၊ အောက်တိုဘာ ၃၁

တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်သည်။

ထိုအဝတ်မီးပူ များထဲတွင်ပါသည့် ကွန်ရက်များသည် ပေပေါင်း ၆၅၀ အတွင်းရှိ အခြားသော ကွန်ပျူတာများနှင့် လည်း ချိတ်ဆက်နိုင်စွမ်းရှိကာ ဗိုင်းရပ်စ်များ ထုတ်လွှတ်ခြင်း၊ ကူးစက်ခြင်း များကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

နိုင်ငံတော်ပိုင် ရုပ်သံဌာန၏ ကြေညာချက်ကြောင့် ယခုအခါ ရောင်းချသည့် စတိုးဆိုင်ကြီးများတွင် အကာ အကွယ် အတွက် ပြင်ဆင်နေကြရပြီး မိမိတို့ထံမှ ဒေတာ အချက်အလက်များ ခိုးယူမည်ကို လွန်စွာ စိုးရိမ်နေကြ ရသည်။

ထိုမီးပူများ မည်မျှပျံ့နှံ့နေပြီး မည်သည့် မီးပူများတွင် ထောက်လှမ်းရေး စနစ်များပါကြောင်း မသိရသေးသော် လည်း၊ ကြိုးမဲ့စနစ်နှင့် ဝင်ရောက် ထောက်လှမ်း နိုင်သောကြောင့် ဆက်သွယ်ရေး စနစ်များကို လုံခြုံစိတ်ချ ရစေရေး အတွက် Password ထားပြီး သုံးကြရန် တိုက်တွန်း နှိုးဆော်ထားသည်။


The Voice Weekly 

No comments:

Post a Comment