Pages

Tuesday, November 12, 2013

ဖိလစ်ပိုင်တွင် ၂၀၀၄ခုနှစ်က ပြုလုပ်ခဲ့သော အမှားများကို ရှောင်ရှားရန်လိုဟု သဘာဝဘေးအန္တရာယ်ကျွမ်းကျင်သူများ သတိပေး



ဖိလစ်ပိုင်ကို ဝင်မွှေခဲ့သော စူပါတိုင်ဖွန်းနှင့်ပတ်သက်၍ ၂၀၀၄ ခုနှစ်ဆူနာမီအပြီး ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပြုမိခဲ့သော အမှား များကို ထပ်မလုပ်ရန် လိုအပ် ကြောင်း သဘာဝဘေးအန္တရာယ် ကျွမ်းကျင်သူများက တနင်္လာနေ့ တွင် သတိပေးခဲ့သည်။လွန်ခဲ့သည့်ကိုးနှစ်က ဖြစ် ပေါ်ခဲ့သော ဆူနာမီ သည် လူ ၂၇၅၀၀ဝခန့် သေဆုံးခဲ့ပြီး အင် ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် ထိခိုက် ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာတုံ့ပြန်မှုတွင် အကူအညီ ပေးမှု၏ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အကူအညီချထားပေးမှုတို့ နှင့်ပတ်သက်၍ အချေအတင် ပြောစရာများ ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်က ကယ်ဆယ်ရေးလုပ်ငန်း များမှာ အေဂျင်စီများကြား ပြိုင် ဆိုင်မှုများ၊ မသင့်လျော်သောအကူ အညီများ ပေးပို့ခြင်းနှင့် များပြား လှသည့် လှူဒါန်းငွေများကို စီမံ ရာတွင် ခက်ခဲမှုတို့ကြောင့် အ နှောင့်အယှက်ဖြစ်ခဲ့ကြောင်း ဗြိတိ သျှကြက်ခြေနီအပါအဝင် လေ့ လာသူတချို့က မကျေမနပ်ပြော ဆိုခဲ့ကြသည်။

တချို့ကလည်း ကတိပြု ထားခဲ့သော ပြန်လည်တည်ဆောက် ရေးအတွက် ငွေကြေးထောက်ပံ့ မှုအများအပြားမှာ အမှန်တကယ် ဖြန့်ဝေခဲ့ခြင်းမရှိသကဲ့သို့ ငွေကြေး များမှာ ခြစားမှု၊ စီမံခန့်ခွဲမှု၊ မှား ယွင်းမှုနှင့် မလိုအပ်ဘဲ ကူညီမှု များ ထပ်လုပ်ခြင်းတို့ ရှိခဲ့သည်ဆို သည်။စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင် ယန်ကြောင့် လူ ၁၀၀၀ဝကျော် သေဆုံးသွားပြီဟု ယုံကြည်ရပြီး အသက်မသေဘဲ ကျန်ရစ်သူများ မှာ အကူအညီများအလွန်လိုအပ် လျက်ရှိသည်။ နိုင်ငံနှင့် အဖွဲ့ အစည်းများကလည်း စည်းရုံး ဆော်ဩ လှူဒါန်းနိုင်ရန် အလု အယက်ကြိုးပမ်းလျက်ရှိသည်။

''ဆူနာမီအပြီး ချက်ချင်း ကယ်ဆယ်ရေးလုပ်ငန်းက အထင် ကြီးလေးစားစရာပါ။ ဒါပေမဲ့ ကာ လရှည် လူမှုရေး နာလန်ထူရေး အတွက် အကူအညီပေးရေးကို ပစ် မှတ်ထားရာမှာ အမှားတွေအများ ကြီး ရှိခဲ့ ပါတယ်။ ရှောင်လွှဲလို့မရ နိုင်တာတွေလဲ ရှိနေနိုင်ပါတယ်'' ဟု ဩစတြေးလျသုတေသနစီမံ ကိန်းတစ်ခု၏ စုံစမ်းစစ်ဆေးရေး အကြီးအကဲ မာတင်မူလီဂန်က ပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment