Pages

Friday, November 1, 2013

မြန်မာပြည်မှာ ဒီလိုတွေ ရမ်းကားနေကြပြီင်္

တာမွေမြို့ နယ် လမ်း ၁၄၀ တွင် အောက်တိုဘာ ၁ ရက်နေ့ည၁၁ နာရီခန့်က အမည်မသိ အမျိုးသားသုံးဦးက လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ဆိုင်အချို့ကို ဖျက်ဆီးရန် ကြိုးပမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း People Power သတင်းထောက်ကသတင်းပေးပို့သည်။

လမ်းထိပ်ရှိ ကွမ်းယာဆိုင်မှာ ဖျက်ဆီးခံခဲ့ရပြီး ရုန်းရင်းဆန်ခတ်ဖြင့် ပဋိပက္ခအသွင်ဆောင်လာသည့်အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနှင့် လုံထိန်းတပ်ဖွဲ့ဝင်အချို့  လာရောက်ထိန်းသိမ်းရသည့်အခြေအနေကို တွေ့ရှိရပြီး
နာရီပိုင်းအတွင်း အခြေအနေမှာ ပြန်လည်ငြိမ်သက်သွားခဲ့သည်။အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ၁၃၃ လမ်းနှင့်၁၄၀ ကြားတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခြင်းကိုအစပြု၍ လူအုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ခုဖြစ်ပွားခဲ့ရာ
ယာဉ်မောင်းလာသူနှင့် အဖော်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသနေရ ကြောင်း စုံစမ်းသိရှိရသည်။

စနေနေ့ည ၆း၃၀ ခန့်တွင် ၁၃၃ လမ်း နှင့် လမ်း၁၄၀ ကြား လမ်းဆုံတွင် ကျော်စိုးဝင်း အသက် ၂၇ နှစ်၊
(၁၄၁) လမ်းနေထိုင်သူ မောင်းနှင်၍ စိုးမင်းဦး အသက်၂၇ နှစ် ၁၃၃ လမ်း နေသူတို့ လိုက်ပါလာသော ချယ်ရီ
ဝက်ဂွန်အမျိုးအစား အငှားကားယာဉ်သည် ၁၃၃ လမ်းပေါ်မှ လမ်း၁၄၀ သို့ ချိုးကွေ့ဝင်ရန် နောက်သို့ဆုတ်စဉ်
နောက်တွင်ရပ်ထားသောကားအား ထိခိုက်ခဲ့ပြီး ထိုယာဉ်တိုက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်ထဲ အယောက် ၃၀
ခန့်ရှိသော လူအုပ်စုတစ်စု စုရုံးဖြစ်ပေါ်လာခဲ့ရာမှ အမည်မသိသူလေးဦးက ကျော်စိုးဝင်းနှင့် အဖော်တစ်ဦးကို ၀င်ရောက်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

People  Power

No comments:

Post a Comment