Pages

Thursday, November 14, 2013

ဓနုစာပေယဉ်ကျေးမှု အသင်းချုပ်ဖွဲ့စည်းမည်

14.11.2013

ရှမ်းပြည်နယ်ရှိ မြို့နယ်ရှစ် မြို့နယ်တွင် လက်ရှိဖွဲ့စည်းထားသော ဓနုစာပေယဉ်ကျေးအသင်း ရှစ်သင်းကို ပူးပေါင်းပြီး ဓနုစာပေ အသင်းချုပ် အနေဖြင့် ၂၀၁၃ ခုနှစ်မကုန်မီ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးစိုးအောင်က ပြောကြားသည်။

“အသင်းချုပ် ဖွဲ့စည်းဖို့ မြို့နယ်ရှစ်မြို့နယ်က အသင်းတွေကို အသင်းချုပ် ဖွဲ့စည်းပုံနဲ့ပက်သက်ပြီး ဆွေးနွေးဖို့ကို ဖိတ်ခေါ်သွားမှပါ” ဟု ဦးစိုးအောင်က ရှင်းပြသည်။

ဓနုစာပေအသင်းချုပ်ဖွဲ့စည်းပုံကို တောင်ကြီးမြို့၌ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ဆွေးနွေးသွားဖြစ်ပြီး အသင်းချုပ်ဖွဲ့စည်းပြီးပါက ဓနုတိုင်း ရင်းသားများအကြားတွင် ကွဲပြားလျက်ရှိသော ၀တ်စုံသတ်မှတ်ရေး ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဓနုမဂ္ဂဇင်း ကိုလည်း ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံရှင်းပြသည်။

ဓနုစာပေအသင်းကို ရန်ကုန်၊ တောင်ကြီး၊ ပင်တယ၊ ရပ်စောက်၊ ရွာငံ့၊ ကလေး၊ နောက်ချို၊ ကျောက်မဲတို့တွင် မြို့နယ်အဆင့် ဖွဲ့စည်းထား ကြောင်း၊ ယခုလောလောဆယ်တွင် ဓနုလူငယ်ကွန်ရက်မှ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတွင် မီးပုံးပျံများကိုလည်း လွှတ်တင်သွားမည် ဖြစ်ကြောင်း ဦးစိုးအောင်ကဆိုသည်။

၂၀၀၃ခုနှစ်သန်ခေါင်းစာရင်းများအရ ဓနုတိုင်းရင်းသားလူဦးရေ ၂သိန်းခန့်ရှိပြီး ၎င်းတို့လူများသည် အဓိကအားဖြင့် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။

ရေးသားသူ - မင်းသူရ
တည်းဖြတ် - ဂျူးဂျူးလှိုင်

People Power

No comments:

Post a Comment