Pages

Monday, November 4, 2013

၆၅ နှစ်ကျော်အတွင်း စံချိန်တင် ချောင်းရေလျှံမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် စကုမြို့ ဆေးရုံမှ လူနာများ မူလဆေးရုံသို့ ပြန်လည်ရွှေ့

ချောင်းရေလျှံမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် စကုဆေးရုံအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်
4.11.2013

အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ၆၅ နှစ်ကျော်အတွင်း စံချိန်တင် ချောင်းရေလျှံခဲ့သောကြောင့် ရွှေ့ပြောင်းခဲ့ရသည့် မကွေးတိုင်း မင်းဘူး (စကု) မြို့ဆေးရုံမှ လူနာများ အောက်တိုဘာ ၃၁ ရက်က မူလဆေးရုံသို့ ပြန်လည်ပြောင်းရွှေ့နိုင်ပြီဟု မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် စကုမြို့ ဒေသခံများထံမှ သိရသည်။

စကုမြို့ တောင်ဘက်မှ ဖြတ်သန်း၍ ဧရာဝတီမြစ်အတွင်း စီးဝင်သည့် နွားကူးချောင်းနှင့် စကုမြို့မြောက်ဘေက်မှ ဖြတ်သန်း၍ ဧရာဝတီမြစ်အတွင်း စီးဝင်သည့် မန်းချောင်းတို့မှ ရေလျှံကာ စကုမြို့အတွင်း အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များနှင့် ဆေးရုံလမ်းရှိ နေအိမ်များ အပါအ၀င် စကုဆေးရုံတို့ အောက်တိုဘာ ၂၈ ရက်ညပိုင်းက ရေနစ်မြုပ်ခဲ့ကြောင်း၊ ရေနစ်မြုပ်ခဲ့သည့် နေအိမ်များမှ မိသားစုများမှ
ရေဘေးရှောင်သူများမှာ စကုမြို့ ရွှေတော်ရာကြီး ရွှေတော်ရာလေးနှင့် စကြမဉ္ဇူဘုရားတို့တွင် ခိုလှုံခဲ့ရပြီး စကုဆေးရုံမှ လူနာရှစ်ဦးအား စကုမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း အဆောက်အအုံသို့ ယာယီရွှေ့ပြောင်း ခဲ့ရကြောင်း ဆေးရုံတာဝန်ခံ ဆရာဝန်နှင့် ဒေသခံများမှ ပြောသည်။

"အဘွားတို့မြို့မှာက သုံးနှစ်တစ်ကြိမ်လောက် ရေ၀င်လေ့ ရှိပါတယ်။ အခုနှစ်မှာတော့ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက် ရေ၀င်တာပါ။ ဒီတစ်ကြိမ်ကတော့ အဘွားသက်တမ်းမှာ ရေအများဆုံးလျှံတာ မြင်ဖူးတာပါ" ဟု စကုမြို့ဆေးရုံလမ်းမှ နေအိမ်ရေနစ်မြုပ်ခဲ့သည့် အသက် ၆၅ နှစ်ရှိ အဘွားတစ်ဦးက ပြောကြားသည်။

အဆိုပါ စံချိန်တင် ရေလျှံခဲ့မှုကြောင့် စကုမြို့ အထကကျောင်းအား ယာယီပိတ်ထားခဲ့ရပြီး စကုမြို့နယ် ကျွဲတဲညောင်ကိုင်းကွက်သစ် ကျေးရွာများမှ နေအိမ်များလည်း ရေနစ်မြုပ်ခဲ့ကာ ရိတ်သိမ်းပြီး စပါးအချို့ ပျက်စီးခဲ့ကြောင်း၊ စကုမြို့နယ်အတွင်း ရိတ်သိမ်းလုနီး စပါးခင်း ဧကပေါင်းထောင်ချီ၍ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

 

EMG

No comments:

Post a Comment