Pages

Wednesday, November 6, 2013

၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ဆွေးနွေးရှင်းလင်းချက်

November 6, 2013 at 12:16pm


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပ ရာ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း၏ ရငွေသုံးငွေ များနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ် ၁၈ ဦး၏ ဆွေးနွေးချက် များ အပေါ် ပြည် ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

ငြိမ်းချမ်းရေးအတွက် ကျပ်သန်းတစ်သောင်း

သမ္မတရုံးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးသန့်ရှင်းက တိုင်းရင်းသားရေးရာကိစ္စနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် အသုံးပြုရန် ငွေလုံး ငွေရင်းခွင့်ပြုငွေကျပ်သန်းတစ်သောင်းနှင့်ပတ်သက် ၍ ဘဏ္ဍာငွေ  စည်းမျဉ်း စည်းကမ်းနှင့် ညီညွတ် စွာ အမှန်တကယ်အသုံးပြုသွားရေးအကြံပြုထား သည့်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆွေးနွေးပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ် များ ဆောင်ရွက်နေသော အဖွဲ့အား လောလောဆယ် ကျပ်သိန်းတစ်ထောင် ကြိုတင်ထုတ်ပေးထားပြီး ငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် အသုံးပြုလျက် ရှိပါကြောင်း၊ ယခုအချိန်တွင် တစ်ပြည်လုံးအပစ် အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်တိုင်းရင်း သား လက်နက်ကိုင် များ စုစည်းဆွေးနွေးလျက်ရှိ ကြောင်း၊ အပစ်အခတ်ရပ်စဲနိုင်ရေး လက်မှတ် ရေးထိုးပြီးချိန်တွင် ကျန်ငွေများကို အသုံးပြုမည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် ငွေပိုမိုလိုအပ်လာမည်ဖြစ်ကြောင်း ၊ ပြည်တွင်းနေ ရပ်ပြောင်းရွှေ့ နေထိုင်ကြသူ တိုင်းရင်းသားပြည်သူ များအား ပြန်လည်နေ ရာချထားရေး၊ ပညာရေး၊ ကျန်း မာ ရေး ကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင် များ နေရာချထားရေး၊ စားဝတ်နေရေးကိစ္စရပ် များတွင် ကျန်ငွေများဖြင့်သုံးစွဲသွားမည်ဖြစ် ကြောင်းနှင့် လောက်ငမှုမရှိနိုင်သည့်အတွက် လိုအပ်သည့်ငွေကြေးများကို ဘဏ္ဍာရေးစည်းမျဉ်း များနှင့်အညီ ဆက်လက်ထုတ်ယူသုံးစွဲသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန

ဥပဒေကြမ်း ဇယား(၂)၊  အမှတ်စဉ်(၁) ပါ ပြည်ထဲရေးဝန်ကြီး ဌာန၏ နောက်ထပ် တောင်း ခံ သည့် ငွေလုံးငွေ ရင်းအသုံးစရိတ် ကျပ် သန်း ၁၇၈၉ဝ ဒသမ ၈၅၃ အနက်မှ ကျပ်သန်း ၄၂၅ ဒသမ ၁ဝဝ ကိုလျှော့၍ ခွင့်ပြုရန်အဆိုနှင့် ပတ်သက်၍ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက  အကျဉ်းထောင် များတိုးချဲ့ဆောက်လုပ်ခြင်းဖြင့် အကျဉ်းသားများ ၏အခွင့်အရေးကို ဖော်ဆောင်ပေးရာရောက်သည့် အတွက် အဆိုပြန်လည်ရုပ်သိမ်းခဲ့သဖြင့် နောက် ထပ်တောင်းခံသည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်း ၁၇၈၉ဝ ဒသမ ၈၅၃ ကို လွှတ်တော် က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

အားကစားဝန်ကြီးဌာန

ဥပဒေကြမ်း ဇယား(၂)၊ အမှတ်စဉ်(၁၈) ပါ အားကစားဝန်ကြီးဌာန ၏ နောက်ထပ် တောင်း ခံ သည့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် သန်း ၂၄၃၃၇ ဒသမ ၄ဝ၂အနက်မှ ကျပ်သန်း ၁၉၅၃၆ ဒသမ ၂၉ဝ ကိုလျှော့၍ ခွင့်ပြုရန်အဆို နှင့်ပတ်သက်၍ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဆီးဂိမ်းအား ကစားကွင်းများ ဆောက်လုပ်ခြင်းဖြင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်ရန်အတွက် အဆိုပြန်လည်ရုပ်သိမ်းခဲ့ သဖြင့် နောက်ထပ်တောင်းခံသည့် ငွေလုံးငွေရင်း အသုံးစရိတ်ကျပ်သန်း ၂၄၃၃၇ ဒသမ ၄ဝ၂ ကို လွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ် ခဲ့သည်။

အဆောက်အအုံဆောက်လုပ်ပြီးမှ ဘဏ္ဍာ ငွေတောင်းခံခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံးတို့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြလာသော ဘတ်ဂျက် ကိစ္စများနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် အညီ စိစစ်ဆောင်ရွက်၍ နောင်တွင် ဤသို့မဖြစ်ရန်လိုကြောင်းလွှတ်တော်တွင်မှတ်တမ်း တင်ကြောင်း အသိပေးကြေညာခဲ့သည်။

နေပြည်တော်ကောင်စီ

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဒေါက်တာမြတ်ဥာဏစိုး၏ ဥပဒေကြမ်း  ဇယား (၅)၊ အမှတ်စဉ်(၁)ပါ နေပြည်တော် ကောင်စီ၏ နောက်ထပ်တောင်းခံသည့် ငွေလုံး ငွေရင်းအသုံးစရိတ် ကျပ်သန်း ၂၆၂၆၃ ဒသမ ၄၃၅ အနက်မှ ကျပ်သန်း ၁၃ဝ၉ ဒသမ ၅၈ဝ ကိုလျှော့၍ ခွင့်ပြုရန်အဆိုနှင့် ပတ်သက် ၍ ထောက်ခံမဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

လွှတ်တော်ကအတည်ပြု

၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြု ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

မှတ်တမ်းတင်

၂ဝ၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက သုံးစွဲခဲ့သည့် ကျပ်သန်းပေါင်း ၁၆၉ဝ ဒသမ ၁၁၃နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သုံးစွဲခဲ့ သည့် ကျပ်သန်းပေါင်း ၁ဝ ဒသမ ၁ဝဝ တို့ကို ဥပဒေနှင့်အညီ သုံးစွဲခြင်းအတွက် ကျိုးကြောင်း ဖော်ပြချက် ပါရှိသော နိုင်ငံတော် သမ္မတထံ မှ ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ပေးပို့ သည့်သဝဏ်လွှာကို လွှတ်တော်က မှတ်တမ်း တင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

သဝဏ်လွှာ

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မ ရှင်၏ အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃) ပါ အမှုကိစ္စများအပေါ် အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်းသည့် သဝဏ်လွှာ ကို နိုင်ငံတော် သမ္မတထံ မှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ပေးပို့ထားပြီး အဆိုပါသဝဏ်လွှာ ကို လွှတ်တော်က မှတ်တမ်း တင်ဆောင် ရွက် ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လ နိုင်ငံ တော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာ တွင် စစ်ဆေးတွေ့ရှိချက်များ၊စာရင်းစစ်ကန့်ကွက် ချက်များ၊ အရေးယူဆောင် ရွက်ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီ၏ အစီရင်ခံစာ(၇/၂ဝ၁၃)ကို ပူးပေါင်း ကော်မတီဝင် ဦးနုက ဖတ်ကြားရှင်းလင်းပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန်အဆိုတင်သွင်း ခဲ့သည်။

No comments:

Post a Comment