Pages

Saturday, November 23, 2013

သန်လျင်တွင် ၁၀၀၀ တန် အတုများ မိ

23.11.2013

သန် လျင် ဆိုင်ကယ်ကယ်ရီသမားထံ မှတစ်ထောင်တန်ငွေစက္ကူအတုများ တွေ့ရှိခဲ့သည့်အမှုကို စီ အိုင်ဒီမှ ကိုင်တွယ် စစ်ဆေးနေ ကြောင်း သိရသည်။ ဆိုင်ကယ်ကယ်ရီမောင်း သူ သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာ တွင် နေထိုင်သည့် ဦးလှကျော်သည် ဆိုင်ကယ်ငှားသူတစ် ဦးထံမှ တစ်ထောင်တန်ရှစ်ရွက် ရရှိပြီးနောက် အဆိုပါတစ်ထောင် တန်တချို့ကို ကြည့်ရှုရာ နံပါတ် အက္ခရာတချို့မှာ တူညီနေကြောင်း တွေ့ရသဖြင့် သန်လျင်မြို့နယ် ဘုရားကုန်း ကျေး ရွာ အုပ်ချုပ် ရေးမှူးရုံးသို့အကြောင်းကြားခဲ့ သောကြောင့် သက်ဆိုင်ရာတာ ဝန်ရှိသူများရှေ့မှောက်တွင် တစ်ထောင်တန် များကိုစစ်ဆေးခဲ့ရာ အက္ခရာနှင့် နံပါတ်တူ တစ်ထောင် တန်ရှစ်ရွက်ကိုတွေ့ရှိသောကြောင့် ဆက်လက်စစ်ဆေးပြီး ဆိုင်ကယ် ငှားစီးသူ အောင်ဇော်ဇော်နေအိမ် သို့သွားရောက်ရှာဖွေရာ ငွေစက္ကူ အတုများမတွေ့ရှိခဲ့ကြောင်း သိ ရသည်။

နိုဝင်ဘာ၁၉ရက်က ဖြစ်ပွား ခဲ့သော ယင်းငွေစက္ကူအတုကိစ္စ ကို ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန်အ တွက် အင်းစိန်စီအိုင်ဒီ မှကိုင်တွယ် နေကြောင်း စီအိုင်ဒီမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ ယင်းက ''လောလောဆယ် ဆိုင်ကယ် ကယ်ရီ မောင်းတဲ့ သူနဲ့ ငှားစီးတဲ့သူတွေကို စစ်ဆေးနေ တယ်။ တရားခံနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေ ဆက်လက် ရှာဖွေ နေပါတယ်''ဟုပြောသည်။ သန်လျင်မြို့နယ်အုပ်ချုပ် ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ''အရင်ဆုံးတာဝန်ရှိသူတွေကို စ စစ်ဆေးတာ။ ဆိုင်ကယ် ငှားစီး တဲ့သူအိမ်မှာလဲ ရဲတွေနဲ့ ရှာတာ ဘာမှမတွေ့ဘူး။ စီအိုင်ဒီကကိုင် ပြီဆိုတော့ အမှုမှန်ပေါ် မှာပါ''ဟု ပြောသည်။

့Yangon Media Group

No comments:

Post a Comment