28.11.2013
ရန်ကင်းမြို့နယ် အမှတ် (၁၅) ရပ်ကွက်တွင် မူးယစ်ဆေးအကြောထဲသို့ ထိုးသွင်းပြီး သတိမေ့နေသူ တစ်ဦး ကို ကားတစ်စီးအတွင်း၌ နိုဝင်ဘာ ၂၆ရက် ည ၈ နာရီခွဲက ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။
ဖြစ်စဉ်မှာ မြိုင်မာလာလမ်းနှင့် အနီဃာလမ်းထောင့်တွင် ရပ်ထားသော ကားတွင်ဖြစ်ပွားကြောင်း သတင်း အရ လှည့်ကင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် ပရိုဘောက်အဖြူရောင်ယာဉ်၏ ယာဉ်မောင်းနေ ရာ တွင် ပက်လက်အနေအထားဖြင့် လူတစ်ဦး သတိလစ်မေ့မြောနေသည်ကို တွေ့ရှိခဲ့သည်။
ကားအတွင်း စစ်ဆေးခဲ့ရာတွင် တစ်ခါသုံးဆေးထိုးအပ်တစ်ချောင်း၊ ဘိန်းဖြူဟုယူဆရသည့် အဖြူ ညစ် ရောင် အမှုန့် ၀ ဒသမ ၁၄ဂရမ်ပါ ပင်နီဆလင် ပုလင်းတစ်လုံး၊ Nirlife တံဆိပ်ပါ အသုံးပြုပြီး 5ml ပလတ် စတစ်ဘူး တစ်ဘူး (အရည်ပါ) တို့ကို တွေ့ရှိခဲ့သည်။
ယင်းအပြင် ဘိန်းဖြူဟုယူဆရသော အမှုန့်များကပ်လျက် တစ်ဖက်ပိတ် အမည်းရောင် ကော်ပိုက် တစ် ချောင်း၊ တစ်ခါသုံး ပလတ်စတစ်ခွက်သေးနှစ်လုံးတို့ကို တွေ့ရှိခဲ့သည်။လက်ရှိတွင် သတိမေ့မြောနေ သူအား ရန်ကင်းဆေးရုံသို့ ပို့ဆောင်ကုနေပြီး ၎င်းကို မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရှိ ရသဖြင့် ရန်ကင်းရဲစခန်းက အရေးယူရန်ဆောင်ရွက်လျက်ရှိသည်။
Mizzima - News in Burmese

No comments:
Post a Comment