26.11.2013
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူက လီးယားထိပ်ဖူးတပ် ဒုံးကျည်များဖြင့် တိုက်ခိုက်မည့် အန္တရာယ်ကို လက်ဦးမှုရယူချေမှုန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပဉ္စမမျိုးဆက် သစ်နောက်ဆုံးပေါ် ဂျက်တိုက်လေ ယာဉ်များဖြစ်သော အက်ဖ်-၃၅ (F-35 Joint Strike Fighter)ဘက်စုံသုံး တိုက်လေယာဉ် အစီး ၄၀ နှင့်မဟာဗျူဟာမြောက်တိုက် လေယာဉ်များဖြစ်သော F-15 နှင့် ယူရိုဖိုက်တာ အစီး ၂၀ တို့ စုစု ပေါင်းခေတ်မီ ဂျက် တိုက်လေယာဉ် အစီး ၆၀ ၀ယ်ယူလိုက်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ကြည်း ၊ရေ ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ် ချုပ်ကြီး ချွဲယောင်ဟီး(ရေ) "Joint Chiefs of Staff, Adm Choi Yoon-hee" က ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်ကြီး၌ ပြုလုပ်သည့် ကာကွယ်ရေးဌာန ကောင်စီညှိနှိုင်းအစည်းအဝေး (Briefing) တစ်ရပ်အတွင်းညှိနှိုင်း ကွပ်ကဲရေးမှူး၏ပြောရေးဆိုခွင့်ရှိ သူ အွန်ဟိုရှစ်က ““လွန်ခဲ့တဲ့စက် တင်ဘာလက ရေဒါရှောင်ကွင်း နိုင်တဲ့ အက်ဖ်-၁၅ (Silent Eagle Fighter Aircraft)မျိုးဆက်သစ် ဂျက်တိုက်လေယာဉ် အစီး ၆၀ ၀ယ်ယူဖို့ စစ်လက်နက်ပစ္စည်း ၀ယ်ယူရေးညွှန်ကြားရေးမှူးက အဆိုတင်သွင်းမှုကို ကာကွယ် ရေးဝန်ကြီးဌာန ကောင်စီ အစည်း အဝေးမှာ မဲခွဲဆုံးဖြတ်ရာမှာ လုံ လောက်တဲ့ မဲအရေအတွက်မရရှိ ခဲ့ပေမဲ့ယခုအခါမှာစစ်ပွဲပုံသဏ္ဌာန် ပြောင်းလဲ လာပြီး မြောက်ကိုရီး ယားတို့ရဲ့ နျူကလီးယား ဒုံးကျည် များ ခြိမ်းခြောက်မှုအန္တရာယ်က မြင့်မားလာတဲ့အတွက် ဒီဂျက် တိုက်လေယာဉ်များကို ၀ယ်ယူရန် ဆုံးဖြတ်ခဲ့တာပါ။ အခုဝယ်ယူမယ့် ဂျက်တိုက်လေယာဉ်များနဲ့ တပ် ဆင်မယ့် ဒုံးလက်နက်များဟာ မြောက်ကိုရီးယားတို့ရဲ့ခြိမ်းခြောက် မှုများ ကို ကောင်းစွာ ထိန်းချုပ်နိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် အခု အစီအစဉ်ကို ပြုလုပ်ရတာဖြစ်ပါ တယ်””ဟု ရှင်းလင်းတင်ပြသွား သည်။
ကျွန်တော်တို့မှာ တောင် ကိုရီးယားဝေဟင်ကို ကျူးကျော် လာမယ့် မြောက်ကိုရီးယားတို့ အန္တရာယ်ကိုကာကွယ်မည့်F-35တစ်စီး၏ တန်ဖိုးမှာ ဒေါ်လာသန်း ၂၀၀ နီးပါးရှိပြီး F-15 Eagleတစ် စီး၏တန်ဖိုးမှာ ဒေါ်လာသန်း ၃၀ ခန့်ရှိကာ ယူရို ဖိုက်တာ တစ်စီး၏ တန်ဖိုးမှာ ယူရိုငွေ သန်း ၉၀ ခန့် ရှိသည်။ ကိုယ်ပျောက်ဂျက်တိုက် လေယာဉ် (Stealth Fighter)ဆိုင် ရာ နည်းပညာတွေ၊ အီလက်ထ ရွန်းနစ် စစ်ပွဲ (Electronic Warfare)တွေအတွက် လိုအပ်ချက်တွေရှိ နေတာကြောင့် အခုလိုဝယ်ယူရ ခြင်းဖြစ်ကြောင်း ထပ်လောင်း ပြောကြား သွားသည်။
ကျော်စိန်
Hot News

No comments:
Post a Comment