1.11.2013
ဆယ်စုနှစ်တစ်ခုနီးပါး ပိတ်ထားခဲ့သည့် ကယားပြည်နယ်ဘောလခဲမြို့ရှိ မြို့မဈေးကို ယခု နိုဝင်ဘာလအတွင်း၌
ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရရုံး အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဘောလခဲနှင့်အနီးတဝိုက်ရှိ ဒေသခံများသည် ယခင်က ကုန်စိမ်း၊ ကုန်ခြောက်များကို လွိုင်ကော်မြို့ပေါ်တက်၍
ဈေးဆိုင်များမှတဆင့် ဝယ်ယူ ရသဖြင့် ပုံမှန်ထက် ကုန်ဈေးနှုန်းကြီးမြင့်ပြီး ယခုဈေးပေါ်ပေါက်လာခြင်းသည့် အကျိုးရှိမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။လွန်ခဲ့သည့် ရှစ်နှစ်ခန့်က ဘောလခဲဈေးပတ်ကားကို
လက်နက်ကိုင် အဖွဲ့အစည်းတခုမှ မှားယွင်းပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး ဈေးသည်တစ်ဦး သေဆုံးခဲ့ရာမှ ယခုအချိန် ထိ ဈေးပတ်ကားများ မထွက်ရဲတော့ဘဲ ဈေးကို ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ဦးကိုကိုမောင်က ဆိုသည်။
ဦးကိုကိုမောင်က ̏ ငါးရက်တစ်ဈေးပါ။ ကြီးကြီးမားမားဈေးကြီးတော့မဟုတ်ပါဘူး״ ဟု ရှင်းပြသည်။
ဘောလခဲမြို့မဈေးကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးမတိုင်မီတွင် ငါးရက်တကြိမ်
ဈေးပြန်လည်ဖွင့်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဈေးပတ်ကားများ မထွက်သောကြောင့် ဈေးတွင်
အမဲဒိုင်များမှလွှဲ၍ တခြားမရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အပစ်အခတ် ရပ်စဲထားသည့် ကာလအတောအတွင်း
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတခုအနေဖြင့် မြို့မဈေးကိုပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဒေသခံများက ထင်မြင်
သုံးသပ်ကြသည်။
People Power
No comments:
Post a Comment