Pages

Monday, November 11, 2013

တစ်နှစ်လျှင် ရော်ဘာတန်ချိန် ခုနစ်သိန်းမှ ရှစ်သိန်းအထိ လိုအပ်ချက် ရှိခြင်းကြောင့် ဂျပန်ကားတာယာ ထုတ်လုပ်သည့် ကုမ္ပဏီများက မြန်မာ့ရော်ဘာ ကုန်ကြမ်းများကို ၀ယ်ယူတင်သွင်းရန် စီစဉ်

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရော်ဘာကုန်ကြမ်း ထုတ်လုပ်နေမှုအား တွေ့ရစဉ်
  Monday, November 11, 2013

တစ်နှစ်လျှင် ရော်ဘာတန်ချိန် ခုနစ်သိန်းမှ ရှစ်သိန်းအထိ လိုအပ်ချက် ရှိခြင်းကြောင့် ဂျပန်ကားတာယာ ထုတ်လုပ်သည့် ကုမ္ပဏီများမှ မြန်မာ့ရော်ဘာ ကုန်ကြမ်းများကို ၀ယ်ယူတင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ၀ယ်ယူရာတွင် မြန်မာနိုင်ငံမှ ရော်ဘာကုန်ကြမ်းများကို ဂျပန်ဈေးကွက်မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိစေရန် ဂျပန်ပညာရှင်များကိုယ်တိုင် မြန်မာနိုင်ငံရှိ ရော်ဘာခြံများတွင် နည်းပညာပေးခြင်းများ လာရောက်ပြုလုပ်မည်ဖြစ်ပြီး အရည်အသွေး အဆင့်မြင့်လာပြီး ဂျပန်ဈေးကွက် ၀င် ရော်ဘာကုန်ကြမ်းများ ထုတ်လုပ်နိုင်သည့် အချိန်တွင် စတင်ဝယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံက ရော်ဘာကုန်ကြမ်းတွေ ဂျပန်နိုင်ငံ ဈေးကွက်ဝင်ဖို့အတွက် အရည်အသွေး မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါကို မြန်မာရော်ဘာ အသင်းနဲ့ ပူးပေါင်းပြီး နည်းပညာ ပေးသွားမှာပါ။ ဂျပန်နိုင်ငံက လိုအပ်တဲ့ အရည်သွေး သတ်မှတ်ချက် ကိုက်ညီပြီဆိုတာနဲ့ ဂျပန်နိုင်ငံ ဈေးကွက်ကို ၀ယ်ယူတင်သွင်းဖို့ စီစဉ်ထားပါတယ်" ဟု The Rubber Trade Association of Japan မှ Secretary-General ဖြစ်သူ Mr. Yoshio Kanai က ပြောပြသည်။

မြန်မာ-ဂျပန်နိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို နိုဝင်ဘာ ၄ ရက်က မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ဂျပန်နိုင်ငံ ရော်ဘာထုတ်လုပ်သူများ အသင်းနှင့် The Rubber Trade Association of Japan မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီး၊ ထိုင်းစသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment