Pages

Thursday, November 28, 2013

ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား

28.11.2013

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်ကိုပြည့်ဖြိုးအောင် ဆိုသူသည် ကလေးမြို့နယ်၊ မွန်းလိုင်ကျေးရွာနေ ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာအမှုဖွင့်ခံထား ရကြောင်း ကလေးမြို့၊ မြို့နယ်ရဲစခန်းမှ သိရသည်။"ကိုပြည့်ဖြိုးအောင်ကိုတော့ (ပ)၅၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၇၆ အရဖမ်းဆီးထားပြီး စစ်ဆေးနေပါပြီ။ မ .......ကိုလည်း ဆေးစစ်ဆေးမှုခံယူနိုင်ရေး သဘောထား မှတ်ချက် ရယူပေးဖို့မြို့နယ်တရားသူကြီးထံမှာ ခွင့်ပြုမိန့်ရယူနေပါပြီ။ တရားခံအဖြစ် ယူဆထားတဲ့ ကိုပြည့် ဖြိုးအောင် ကိုလည်း ဆေးစာရေးသားထင်မြင်ချက် တောင်းခံပြီးအမှုကို ခိုင်မာအောင် တည်ဆောက် တရားစွဲဆိုတင်ပို့ နိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်ရဲစခန်းမှ သိရသည်။
နိုဝင်ဘာ(၂၄)ရက်နေ့ (၁၂)နာရီတွင် ကိုပြည့်ဖြိုးအောင်၊ ကိုးတန်းကျောင်းသူမ ......နှင့် ရှစ်တန်းကျောင်းသူ တစ်ဦးတို့သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ကလေးမြို့ရှုခင်းသာသို့ သွားခဲ့ကြကြောင်း၊ ရှုခင်းသာမှ အပြန်ညနေ(၃)နာရီခန့်တွင် ဘီယာများသောက်နေခဲ့ကြပြီး မ .... က ရာဇဂြိုဟ်သို့ သွားလိုသဖြင့် ဆိုင်ကယ် တစ်စီးတည်းဖြင့် သွားခဲ့ကြကြောင်းသိရသည်။ကလေး-တမူး ကားလမ်းအတိုင်း မောင်းနှင်လာကြပြီး ည(၇)နာရီခွဲခန့် တွင်ကံလှကျေးရွာ အထွက်သို့အရောက်၌ ကိုပြည့်ဖြိုးအောင်သည်ဆိုင်ကယ်ကိုစက်ရပ်ကာ မ .... ၏ပါးကို နမ်းသဖြင့် မ ....က ခြေထောက်ဖြင့်ကန်ကြောက်ခဲ့ကြောင်း၊ကိုပြည့်ဖြိုးအောင်သည် မ.... ကိုနာရီဝက် ခန့်ကြာသည်အထိအတင်းအဓမ္မ သားမယားပြုကျင့် ခဲ့ကြောင်း အမှုဖြစ်စဉ် အကျဉ်းတွင်ဖော်ပြ ထားသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

No comments:

Post a Comment