Pages

Tuesday, November 12, 2013

တောင်အာဖရိကတွင် ထရပ်ကားနှင့် ဘတ်စ်ကားတိုက်၍ ၃၀ နီးပါးသေဆုံး



တနင်္လာနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းနှင့် ထရပ်ကားတစ်စင်းတို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အသေအပျောက် (၂၉)ဦး ရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားတောင်အာဖရိက တွင် ထရပ် ကားနှင့် ဘတ်စ်ကားတိုက်၍ ၃၀ နီးပါးသေဆုံးခဲ.သည်။

တောင်အာဖရိက နိုင်ငံတွင် ဖြစ်ပွားသည့် ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ခုအတွင်း လူ(၃၀) နီးပါးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့ ညပိုင်းက ဘတ်စ်ကား တစ်စင်းနှင့် ထရပ်ကား တစ်စင်းတို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အသေအပျောက် (၂၉)ဦး ရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။ အဆိုပါ မတော်တဆမှုသည် နိုင်ငံအရှေ့ပိုင်း အမ်ပူမာလန်ဂါ အရပ် တွင် ဖြစ်ပွား ခဲ့ခြင်းဟု ဆိုသည်။ "စာရင်းမှတ်တမ်းတွေအရ သေတဲ့အရေအတွက်က (၂၉)ယောက်ရှိပြီ။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အဲဒီထဲက တချို့က အခြေအနေ ဆိုးတဲ့အတွက် အသေအပျောက် တိုးလာနိုင်ပါတယ်။ လူနာတွေကိုတော့ အနီးဆုံး ဆေးရုံတွေကို တင်ပို့ပေးခဲ့ပါတယ်"ဟု အစိုးရ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးခဲ့သည်။

တောင်အာဖရိကနှင့် အခြားသော အာဖရိက နိုင်ငံအချို့တို့တွင် လမ်းများ အခြေအနေ ဆိုးရွားခြင်း သည် ဒေသတွင်း စီးပွားရေး တိုးတက်မှုကို အနှောင့်အယှက် ပေးနေသည့် အခြေခံ အကျဆုံး အကြောင်း အရာ တစ်ရပ်လည်း ဖြစ်သည်။ ထို့အပြင် အာဖရိကတိုက်၏ အကြီးကျယ်ဆုံး စီးပွားရေး အင်အားစု ကြီးအဖြစ် ရပ်တည်နေသည့် တောင်အာဖရိက နိုင်ငံအတွင်း မော်တော်ကားများ၏ ထိန်းသိမ်းမှု အား နည်းခြင်း၊ ယာဉ်မောင်းများ စည်းကမ်းမဲ့ခြင်းတို့ကြောင့် နှစ်စဉ် ယာဉ်မတော်တဆမှုများဖြင့် သေဆုံးသူ အရေအတွက် ပျမ်းမျှ (၁၄၀၀၀)ခန့်အထိ ရှိတတ်ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment