Pages

Thursday, November 21, 2013

" စစ်ကိုင်းတိုင်း ဒေသကြီး ဒေသ ဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းပေါင်း ၃၇ဝဝဝ ချထားပေး"

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေများ ချပေး လိုက် ပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က နိုဝင်ဘာ ၁၆ ရက်နေ့ ၌ ပြုလုပ်သော ကလေးမြို့ ဒေသခံ များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

”ကလေးမြို့အတွက် သိန်း ၁ဝဝဝ ဖွံ့ဖြိုးရေး သုံးဖို့ငွေကို ပြည်သူ့ဆီက ငွေ တွေထဲက ကျွန်တော်ပေး လိုက်ပါပြီ။ အဲ ဒီငွေတွေကို ဖွံ့ဖြိုးရေး အတွက် ဘယ်သူ တွေက စီမံ မလဲဆိုတော့ လွှတ်တော် ကိုယ်စား လှယ်တွေ က စီမံမှာပါ။ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ရှိမယ်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ရှိမယ်။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ရှိမယ်။ သူတို့တွေ က စီမံမှာပါ။ စီမံတဲ့ အခါမှာလည်း ရပ်ကျေးများ ၊မြို့နယ် များ၏ အထောက် အကူပြု အဖွဲ့တွေနဲ့ ပူးပေါင်း လုပ် ဆောင်ရမယ်။ အဲဒီငွေတွေကို ပြည်ထောင်စု စီမံကိန်းတွေ၊ တိုင်းဒေသကြီး စီမံကိန်းတွေမှာ မသုံးရ ဘူး။ ရေခက်ခဲတဲ့ နေရာတွေမှာ ကျေးလက်သောက် သုံး ရေ အတွက် နောက်ပြီး ကျေးလက် လမ်း တံတားများ အတွက်၊ ကျောင်းတွေ ပျက်နေရင်ပြင်ဖို့ အတွက် ၊ဆေးရုံ၊ ဆေး ခန်းတွေကို ပြင်ဖို့ အတွက် သုံးရမယ်” ဟု သူရ ဦးရွှေမန်း က ညွှန်ကြားခဲ့သည်။

အဆိုပါ ငွေများကို ကလေးမြို့ နယ်မှ ကျောင်းများ အတွက် ပညာရေး ဦးစားပေး အသုံးပြုလိုကြောင်း ကလေး မြို့တိုင်းဒေသကြီး အစိုးရ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်း က ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ် ရှိသဖြင့် စစ် ကိုင်းတိုင်း ဖွံ့ဖြိုးရေး အတွက် ရရှိရန်ပုံ ငွေမှာ တစ်မြို့နယ်လျှင် ကျပ်သိန်း ၁ဝဝဝ နှုန်းဖြင့် သိန်းပေါင်း ၃၇ဝဝဝ ရရှိမည်ဖြစ်သည်။

ချစ်သူမောင်
Popular Myanmar News Journal

No comments:

Post a Comment