Pages

Tuesday, November 12, 2013

သမီးဖြစ်သူနှင့် မိမိကိုပါ နှိပ်စက်သည့် သမက်ကို သတ်ဖို့ လူသတ်သမားငှားခဲ့ကြောင်း ယောက္ခမဖြစ်သူမှ ၀န်ခံပြောကြား


ယခင် ထိုင်းနိုင်ငံ လက်ရွေးစင်သေနတ် ပစ် အားကစားသမားဟောင်း ဂျက်ခရစ်၏ယောက္ခမဖြစ်သူ မစ္စ ဆူရန်က သမက်ဖြစ်သူကို သတ် ရန် သေနတ်သမား ငှားရမ်းခဲ့ ကြောင်း တနင်္လာနေ့နံနက်တွင် ထိုင်း နိုင်ငံ ရုပ်သံ လိုင်း အမှတ်- ၃မှ ဝန်ခံပြောကြားခဲ့သည်ဟု သိ ရသည်။

နိုင်ငံ့လက်ရွေးစင် သေနတ် ပစ်အားကစားသမားဟောင်း ဂျက်ခရစ်သည် လွန်ခဲ့သောလ က ၎င်း၏ ကိုယ်ပိုင်ကားအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ ခြင်းဖြစ်သည်။ မစ္စဆူရန်က ၎င်း ၏သမီးဖြစ် သူ ဒေါက်တာနစ်တီ ဝက်ဒီကို သမက်ဖြစ်သူက နှိပ်စက် ညှဉ်းပန်းခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ သည်။

အသက်၇၂နှစ်ရှိပြီဖြစ်သော မစ္စဆူရန်က ၎င်း၏တစ်ဦးတည်း သောသမီးလေးသည် ယောက်ျား အား လွန်စွာ ချစ်မြတ်နိုးကြောင်း နှင့် သမက်ဖြစ်သူက သားအမိ နှစ်ဦးစလုံးအပေါ်တွင် အနိုင်ကျင့် ညှဉ်းပန်းနှိပ် စက်မှုများ ပြုလုပ်ခဲ့ ပြီး သားအမိနှစ်ဦးမှာ တစ်ဦးကို တစ်ဦး ဖြေသိမ့်နေခဲ့ရသည်ဟု ရင်ဖွင့်ခဲ့သည်။

ထို့နောက် သမက်ဖြစ်သူမှာ ထောင်ကျခဲ့ပြီး ထောင်မှ လွတ် မြောက်လာသောအခါ ယခင်အ တိုင်းပင် ဇနီးဖြစ်သူကို ရိုက်နှက် ခြင်းများပြုလုပ်ခဲ့ပြီး မိမိအနေ ဖြင့် ဝင်ရောက်ပြောဆိုနိုင်စွမ်းမ ရှိ ခဲ့ကြောင်း ပြန် လည်ပြောပြခဲ့ သည်။ သမီးဖြစ်သူမှာလည်း လင် ယောက်ျားကိုအပြစ်မမြင်ဘဲ ဆက် လက်ပေါင်းသင်းခဲ့ပြီး တတိယ မြောက်ကိုယ်ဝန်မှာ ယောက်ျား ၏ရိုက်နှက်ညှဉ်းပန်းမှုကြောင့် ပျက်ကျခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် မိမိသည် သမက် အား သတ်ရန်အတွက် သေနတ် သမားကို ငှားရမ်းစီစဉ်ခဲ့ခြင်းဖြစ် သည်ဟု အကြောင်းစုံကို ဝန်ခံခဲ့ သည်။ မစ္စဆူရန်သည် လူသတ်မှု ၏ နောက်ကွယ်မှ တရားခံမှန်း သမီးဖြစ်သူ သိရှိသောအခါ မိခင် ဖြစ်သူ၏ သူမအပေါ်ချစ်ခင်သော စိတ်ကိုသိရှိနားလည်၍ မိခင်အ စားထောင်ကျခံရန် ကြိုးပမ်းခဲ့ သည်ဟု သိရသည်။ ထိုင်းရဲအာဏာပိုင်များ သည် အဆိုပါလူသတ်မှုနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးနေဆဲအ ချိန်တွင် မစ္စဆူရန်က ယခုကဲ့သို့ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု သိရ သည်။

YMG

No comments:

Post a Comment