Pages

Tuesday, November 5, 2013

လွှတ်တော်ထဲမှာတောင် မိုက်ရိုင်းခွင့်ရနေတဲ့သူတွေအကြောင်း


၎.၁၁.၁၃ နေ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရသေ့တောင် မဲဆန္ဒနယ်က ဒေါ်ခင်စောဝေ ရခိုင် အနောက် ဘက် အနောက်တံခါးကျိုးပေါက်နေတာနဲ့ပတ်သက်လို့ တင်သွင်းတဲ့အဆိုကိုပြည်ထောင် စုဝန်ကြီးက ပြန်လည် ရှင်းလင်းတင်ပြပါတယ်။ ဒါကို ဒေါ်ခင်စောဝေက မှတ်တမ်းတင်ထားရှိရန်သဘောတူလိုက်ပါတယ်။အဲ့အချိန် မှာ ဘူးသီးတောင်ကြံ့ဖွံ့အမတ် ဘင်္ဂါလီရွှေမောင်ကလူတစ်စု၊ လူမျိုးတစ်ခုကို ဆန့်ကျင်တဲ့ အသုံးအနှုံးတွေ ရှိတယ်ဆိုပြီး ဖွဲ့စည်းပုံနဲ့မညီညွတ်ကြောင်း၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို ပုတ်ခတ်ပြောဆိုပြီး လက်မခံနိုင်ကြောင်းထကန့်ကွက်ပါတယ်။
အဲ့နောက်ဥပဒေပညာရှင် ဦးသိန်းညွန့်က ဘင်္ဂါလီရွှေမောင်ရဲ့ ကန့်ကွက်မှုလုပ်ရပ်ဟာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ မညီညွတ်ကြောင်း၊ ဥက္ကဌရဲ့လုပ်ပိုင်ခွင့်ကို ခြိမ်းခြောက်ရာရောက်ကြောင်း ပြောကြားပြီး ဒီလုပ်ရပ်ကို ဥက္ကဌအနေနဲ့လက်မခံဘဲ ပယ်ချဖို့ ထပြောပါတယ်။လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းကလည်း ဦးသိန်းညွှန့်ပြောတာကိုလက်ခံကြောင်းနဲ့ မိမိအစားပြောသွားတယ်လို့ယူဆပါကြောင်းပြောပြီး ဘင်္ဂါလီရွှေမောင်ရဲ့ကန့်ကွက်မှုကို ပယ်ချကြောင်းကြေညာပြီး နောင်မှာ ဒီလိုလွှတ်တော်ဥပဒေကို ဆန့်ကျင်ပြီး မပြုလုပ်ဖို့ လွှတ်တော်အနေနဲ့ သတိပေးကြောင်းကြေညာပါတယ်။ပြီးနောက်မှာ ရသေ့တောင် မဲဆန္ဒနယ်က ဒေါ်ခင်စောဝေရဲ့အဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာလိုက်ပါတယ်။
သတင်းရင်းမြစ်- Lin Thurein. Kyaw Swar Myint

No comments:

Post a Comment