Pages

Monday, November 11, 2013

တကောင်းတောင်နီကယ်စီမံကိန်းပဋိပက္ခ လက်ပံတောင်းပဋိပက္ခထက်ပိုဆိုးလာနိုင်ဟုဆို

မြန်မာ CNICO တကောင်းတောင်နီကယ် (သတ္တု) တူးဖော်ရေးစီမံကိန်းတွင်ဖြစ်ပေါ်နေသော ပြဿနာ များကို မဖြေရှင်းနိုင်ပါက လက်ပံတောင်း တောင် ကြေးနီစီမံကိန်းထက်ပိုဆိုးသည့် ပဋိပက္ခ များဖြစ်ပေါ် လာနိုင်သည်ဟု သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြော ကြားသည်။

''ဒီအတိုင်းသာ တကောင်းတောင်မှာဆက်ဖြစ်နေမယ်ဆိုရင် ဒေသတွင်းပဋိပက္ခတွေပြင်းထန် လာပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ထက်ပိုဆိုးတဲ့ ဒုတိယ လက်ပံတောင်းတောင်စီမံ ကိန်းဖြစ် လာနိုင်တယ်''ဟုတကောင်းတောင်တွင် သုံးကြိမ်တိုင်တိုင်သွားရောက်လေ့လာခဲ့သူ Green Voice (အစိမ်းရောင်အသံ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တာဝန်ခံ ကိုထက်ဦးကျော်က သုံးသပ်ပြော ကြားသည်။

''လက်ပံတောင်းတောင်မှာလို ပဋိပက္ခတွေ မဖြစ်ဖို့သက်ဆိုင်ရာမှာတာဝန်ရှိပါတယ်။ ဒေသခံ တွေ၊ အလုပ် သမားတွေနဲ့ညှိနှိုင်းဆောင်ရွက်ပြီး ပြေလည်အောင်လုပ်ပေးရမယ်။မျှော့သွေးစမ်း သလိုတော့ မလုပ်ပါနဲ့ လို့ပြောချင်တယ်''ဟုမြန်မာ အစိမ်းရောင်ကွန်ရက်တာဝန်ခံဒေါ်ဒေဝီသန့်စင်က ပြောသည်။

မြန်မာ CNICO တကောင်းတောင်နီကယ် သတ္တုတူးဖော်ရေးစီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည် နယ်(မြောက်ပိုင်း)စသည့် ဒေသသုံးခု၏ နယ်စပ် ဒေသတွင်တည်ရှိပြီး စီမံကိန်းကို ၂ဝဝ၈ခုနှစ် ဇူလိုင်၂၈ရက်က တရုတ် CNMC Co.,L.t.d နှင့် မြန်မာနိုင်ငံအမှတ် (၃)သတ္တုတွင်း လုပ်ငန်းတို့ စာချုပ်ချုပ်ဆိုခဲ့ကာ ၂ဝဝ၉ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်သည်။

ရွှေလက်
The Union Daily

No comments:

Post a Comment