Pages

Tuesday, November 12, 2013

မော်စကိုလေဆိပ် အသေခံဗုံးဖောက်ခွဲမှုနှင့် ပတ်သတ်သူ လေးဦးအနက် သုံးဦးကို ထောင်ဒဏ်တစ်သက်ချမှတ်


12.11.2013

နိုဝင်ဘာ ၁၁၇က်က ရုရှားတရားရုံးက မော်စကိုလေဆိပ်အသေခံဗုံးခွဲမှုနှင့် ပတ်သတ်ခဲ့ သူ ကော့ကေး ဆက် ဒေသIngushetia မှ တရားခံလေးဦး သူတို့၏ ပြစ်မှုအတွက်ထောင်ဒဏ်အသီးသီး ချမှတ် ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလက ဖြစ်ပွားခဲ့သော မော်စကို လေဆိပ် အသေခံဗုံး ဖောက်ခွဲမှုကြောင့် စုစုပေါင်း ၃၇ဦးသေဆုံးခဲ့သည်။

တရားခံလေးဦးအနက် အစ္စလာမ်နှင့် အိုင်လစ်ဇ် ယန်ဒီယိဗ် ညီနောင်နှစ်ဦးနှင့် ဘက်ရှ်ဟီခန်းခိုယိဗ် တို့ကို လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု၊ အကြမ်းဖက်မှုများအတွက် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီး၊ ကျန်တစ်ဦး ဖြစ်သူ အာမက်ယီဗိုယိဗ်ကိုမူ တိုက်ခိုက်မှုတွင် အနည်းငယ်သာ ပတ်သတ်ခဲ့သဖြင့်ထောင်ဒ ဏ် ၁၀နှစ် ချမှတ်ခဲ့သည်။

အာဏာပိုင်များက ယန်ဒီယိဗ် ညီနောင်နှင့် ဘက်ရှ်ဟီခန်းခိုယိဗ် တို့သည် ကော့ကေးဆတ်ခွဲထွက်ရေး လှုပ်ရှား မှုမှ ခေါင်းဆောင် ဒိုခုအုမာရော့ဗ်၏ ညွှန်ကြားချက်ဖြင့် အသေခံဗုံး ဖောက်ခွဲရေး အစီအစဉ်များကို လုပ်ဆောင်ခဲ့ ကြောင်း၊ သူတို့လူစုသည်Ingushetia ၊ နေဇ်ရန်မြို့မှ လူတစ်ဦးကို စည်းရုံးပြီး အသေခံ ဗုံးခွဲရန် ငွေပေးခြင်း၊ ခရီးသည်တင်ကားပေါ် တင်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်ုဆိုသည်။

၁၉၉၉ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမြာပူတင်က ခွဲထွက်ရေး သမားများကို နှိမ်နှင်းရန် ချေချင်းညာသို့ စစ်တပ်စေလွတ်ကာ ကိုင်တွယ်ခဲ့သော်လည်း ကော့ကေးဆက်မြောက်ပိုင်းတွင် ယခုအချိန် အထိ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။

Ref: AFP
The Myanma Age

No comments:

Post a Comment