Pages

Saturday, November 9, 2013

ဒုက္ခသယ်စခန်းအား ရိက္ခာပို့မည့်ကား တိမ်းမှောက်၊ တစ်ဦးသေ


9.11.2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်လင်းပါ ဒုက္ခသယ်စခန်းသို့ ရိက္ခာပိုမည့်ကား နိုဝင်ဘာလ ၇ရက်က တိမ်းမှောက်ခြင်းကြောင့် တစ်ဦးသေ ဆုံးပြီး တစ်ဦး ဒါဏ်ရာရခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မခွန်ဂျာ က ပြော သည်။ ရိက္ခာပို့သည့်ကားပေါ်တွင် သားအဖနှစ်ယောက်ပါပြီး ယင်းတမ်းမှောက်မှုကြောင့် မောင်းနှင်လာသူ ဖခင်သေဆုံး ခဲ့ကာ သားဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နန်လင်းပါရွာအနီးတွင် ကေအိုင်အေနှင့် အစိုးရတပ်တို့ နိုဝင်ဘာလ ၈ရက်အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လူဦးရေ ၁၀၀၀ ခန့်ရှိသော နန်လင်းပါဒုက္ခသယ်စခန်းသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ မှစတင်ကာ ယခုအချိန်အထိ စားနပ်ရိက္ခာများ တင်ပို့နိုင်ခြင်းမရှိသေးဟု ဆိုသည်။“အခု အဲ့ဒီနေရာက ဒီနေ့အထိကိုဆန်မရောက်ဘူး။ နန်လင်းပါဆိုတဲ့ရွာ က အခုထက်ထိ အစိုးရရဲဝိုင်းထားတာ ကိုခံနေရတုန်းပဲ။ အခုအချိန်မှာ သူတိုတွေအနေ နဲ့ ဘယ်လိုအသက်ရှင်နေ လည်းဆိုတာကို ကျွန်မအနေနဲ့  မသိဘူး” ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မခွန်ဂျာက ပြောကြားသည်။

နန်လင်းပါ ဒုက္ခသယ်စခန်းအတွက် ရိက္ခာတင်ဆောင်ခဲ့သော ကားမှောက်ခြင်းသည် အစိုးရတပ်များက ဗန်းမော် လမ်းများ အား ဖျက်တောက်ထားခြင်းကြောင့် ဖြစ်ကြောင်း မခွန်ဂျာက ဆက်လက် ပြောဆိုသည်။

“ပုံမှန်ဆိုရင် ဗန်းမော်ဘက်က သွားမယ်ဆိုရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဘာလို့ လည်းဆိုတော့ မြေပြန့်ကများတယ် အခုဟာက ဒုက္ခသည်စခန်းတွေကို အစိုးရတပ်တွေက ဖျက်ထားတယ်။ ဒီတော့ မိုင်ဂျာယန်က နေပြီးတော့ သွားရတယ် မိုင်ဂျာယန်ကနေသွားတယ်ဆိုရင် မြေပြန့်သိမ်မရှိတော့ဘဲ တောင်တက်တွေကြီးပဲ ”ဟု မခွန်ဂျာက ပြောကြားသည်။

ကချင်ပြည်နယ်ရှိ ဒုက္ခသယ်စခန်းများသို့ စားနပ်ရိက္ခာများ လိုက်လံပို့ဆောင်ပေးနေသူ အဖွဲ့မှ မမေသော်က “ရိက္ခာမရှိဘူး ဆိုလို့  ပို့လိုက်တာ ကားကမကောင်းလမ်းကလည်း မကောင်းလို့ ဖြစ်သွားတာပါ” ဟု ဆိုသည်။

အဆိုပါ နန်လင်းပါဒုက္ခသယ်စခန်းသို့ အောက်တိုဘာလအတွက် စားနပ်ရိက္ခာအား မပို့နိုင်သေးသည်မှာ ယခု အချိန် ထိဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment