Pages

Tuesday, November 19, 2013

ဧရာဝတီဘဏ်တွင် မာစတာကတ် နှင့် China Union Pay Card များဖြင့် ငွေထုတ်နိုင်



19.11.2013

ရန်ကုန် (မဇ္ဈိမ)။ ။ ဧရာဝတီဘဏ်တွင် Master Card နှင့် China Union Pay Card များဖြင့် ငွေထုတ် ယူခြင်းကို နိုဝင်ဘာလ ၁၉မှ စတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်သည်ဟု ဧရာဝတီဘဏ်မှ ထုတ်ပြန်သည်။

နိုင်ငံတ၀န်းမှ ဧရာဝတီဘဏ်များရှိ ATM စက်များတွင် အဆိုပါကတ်များဖြင့် ငွေထုတ်ယူနိုင်ပြီ ဖြစ်သည်။

ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင် က “ဧရာဝတီဘဏ် အနေနဲ့ ငွေထုတ်ယူခြင်း ၀န်ဆောင်မှုတွေကို ဆီးဂိမ်းကို လာမဲ့ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဖို့ အချိန်မီဆောင် ရွက်ခဲ့ခြင်း ဖြစ်တယ်“ဟု ပြောသည်။

ဦးဖြိုးအောင်က ယခုလုပ်ဆောင်ချက်သည် ဘဏ်၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ဧရာဝတီဘဏ် ကို နိုင်ငံတကာ အသိအမှတ်ပြုငွေပေးချေမှု အုပ်စုဝင် ဖြစ်လာစေခဲ့ကြောင်း ပြောသည်။

ငွေသားသုံးစွဲခြင်းကို လျော့ချနိုင်ပြီး လုံခြုံစိတ်ချစွာ ထုတ်ယူနိုင်သည့် ATM Networkများ ချဲ့ထွင်ခြင်းကို ကြိုးပေးဆောင်ရွက်သွားမည်ဟု ဧရာဝတီဘဏ်မှ ထုတ်ပြန်သည်။

မာစတာကတ် ကိုင်ဆောင်ထားသူများသည် တစ်ဘက်ဘဏ်က သတ်မှတ်ချက် အတိုင်း ငွေထုတ် ယူနိုင်သည်။ ကတ်ကိုင်ဆောင်သူ နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ လာချိန်တွင် ငွေသယ်ယူရန် မလိုအပ်ဘဲ မာစတာကတ်အသုံးပြု၍ ရသည့်စက်များတွင် ငွေထုတ်ယူနိုင်မည် ဖြစ်သည်။ အခြားနိုင်ငံ များသို့ သွားရောက်လည်ပတ်ပါကလည်း ၄င်းကတ်လက်ခံသော နေရာတိုင်းတွင် သုံးစွဲနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင်မာစကတ်နှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများမှာ CBဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီဘဏ်၊ AGDဘဏ်နှင့် UG Finance ကုမ္ပဏီ လီမီတက်တို့ ဖြစ်သည်။

ဧရာဝတီဘဏ်အား ၂၀၁၀ ခုနှစ်တွင် စတင်ဆည်ထောင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၅၂ ခု ဖွင့်လှစ်ဆောင်ရွက် ထားသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာလကုန်အထိ ဘဏ်စီးပွားဖက်များ၏ အပ်နှံငွေ ကျပ် ၆၀၀ ဘီလီယံ အထိရှိနေသည်။

Mizzima - News in Burmese

No comments:

Post a Comment