Pages

Monday, November 4, 2013

စလစ်ဈေး ကျဆင်းလာမှုနှင့် CIF တန်ဖိုး အပြောင်းအလဲကြောင့် လာမည့်နှစ်တွင် အမြင့်ကားများ သိသိသာသာ ဈေးကျနိုင်


Monday, November 4, 2013

၂၀၁၄ ခုနှစ်တွင် စလစ်ဈေး ကျဆင်းလာမှုနှင့် CIF တန်ဖိုး အ ပြောင်းအလဲကြောင့် အမြင့်ကား များ၏ ဈေးနှုန်း သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း ကား တင်သွင်းသူများက ခန့်မှန်းထား ကြသည်။

၂၀၁၄ ခုနှစ်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်ပြုရာတွင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများနည်း တူ မော်တော်ယာဉ် သက်တမ်းကို သာ သတ်မှတ်ဆောင်ရွက်သွား မည်ဟု ရထားပို့ဆောင်ရေး ၀န် ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပြီး နောက် စလစ်ဈေးနှင့် အပ်ကား များ၏ ဈေးနှုန်းများမှာ ကျဆင်း သွားခဲ့သည်။ ထိုသို့ စလစ်ဈေးကျ ဆင်းမှုကြောင့် စလစ်ကပ်ကားများ မှာလည်း ဈေးနှုန်း ကျဆင်းလာ ဖွယ်ရှိသည်ဟု ကားအရောင်းစင် တာပိုင်ရှင် တစ်ဦးက သုံးသပ်ခဲ့ သည်။

“မော်တော်ယာဉ် သက် တမ်းကို ကြည့်ပြီး ယာဉ်အို၊ ယာဉ် ဟောင်း အပ်နှံခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ စလစ်ဈေး တအိ အိ ကျဆင်းနေပါတယ်၊ မနှစ်ကလို ပဲ စလစ်တစ်စောင်ဟာ သိန်း ငါး ဆယ် ၀န်းကျင်ကို ပြန်ပြီး ရောက် ရှိသွားနိုင်ပါတယ်၊ စလစ်ဈေး ကျ ဆင်းမှုနဲ့ CIF တန်ဖိုး အပြောင်းအ လဲကြောင့် လူကြိုက်များတဲံ့Harrier၊ ၊ RAV4 ၊ CR-V ၊ Crown ၊ Mark X ၊ Surf ၊ Prado ၊ Land Cruiser စတဲ့ ကားတွေ ဈေး နှုန်းကျဆင်းသွားနိုင်ပါတယ်၊ အ ပြောင်းအလဲကြောင့် ဒီကားတွေ ရဲ့ဈေးက တစ်စီးကို ကျပ်သိန်း ခုနစ်ဆယ်လောက် ကျဆင်းသွားနိုင် တယ်လို့ ခန့်မှန်းထားပါတယ်”ဟု “ရောင်နီဦး ကားအရောင်းစင်တာ” ပိုင်ရှင် ဦးအောင်ဝင်းက ပြောကြား ခဲ့သည်။

Automobile Journal

No comments:

Post a Comment