Pages

Wednesday, November 20, 2013

အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရက ဆရာတော် Dr. ခမ်းမိုင်ဓမ္မသာမိအတွက် ဇာတိမြေက ဒါယကာများ မွေးနေ့ပွဲ ကျင်းပပူဇော်


သျှမ်းသံတော်ဆင့်/ ယိင်းအုမ်မွေ
၂ဝ နိုင်ဝင်ဘာ ၂ဝ၁၃


အင်္ဂလန်နိုင်ငံတွင် သီတင်းသုံးနေထိုင်သည့် သျှမ်းဆရာတော် Dr. အရှင် ခမ်းမိုင်ဓမ္မသာမိ၏သက်တော် ၄၉ နှစ်ပြည့်မွေးနေ့ပွဲ ကို ဆရာတော်၏ မွေးရပ်မြေ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့တွင် ကျင်းပမည်ဟု သတင်းရရှိသည်။

Dr. အရှင်ခမ်းမိုင်ဓမ္မသာမိသည် လဲချားမြို့ နောင်ပန်ရွာ၌ ဖွားမြင်တော် မူခဲ့ပါသည်။ အင်္ဂလန်နိုင်ငံ၌ ဗုဒ္ဓတွေးခေါ်မှုဆိုင်ရာ Philosophy ဒေါက်တာ ဘွဲ့ ရရှိပြီး သာသနာပြုလုပ်ငန်းလုပ်ကိုင်နေပါသည်။ ဆရာတော်သည် ယခုနှစ် သက်တော် ၄၉ နှစ် ဝါတော်မှာ ၂၉ ဝါပြည့်ပြီဖြစ်ကြောင်း သိရှိရသည်။

Dr. အရှင်ခမ်းမိုင်ဓမ္မသာမိ၏ မွေးနေ့ပွဲကို နိုဝင်ဘာ ၂၂ ရက် ဟော်ခမ်းကျောင်း စာသင်တိုက်၌ ကျင်းပ သွား မည်ဟုသိရှိရသည်။ မွေးနေ့ ပွဲအတွက် နိုဝင်ဘာ ၂ဝ ရက်ယနေ့ကတည်းကစပြီး အခမ်းအနားပြင် ဆင် နေ ကြောင်း၊ နိုဝင်ဘာ ၂၁ ရက်နေ့ညတွင် ကိန္နရီ ကိန္နရာ အကများ နှင့်သျှမ်းတိုင်းရင်းသားရိုးရာ အက များဖြင့် ဖျော်ဖြေ ကျင်းပသွား မည် ဟု သိရှိရသည်။

နိုဝင်ဘာ ၂၂ ရက် မနက် ၇ နာရီ ဆွမ်းတော်သက်စေ့ (၄၉ ) ကပ်လှူပေး မည်ဖြစ်ပြီး ၉ နာရီ အချိန် တွင် Dr. အရှင် ခမ်းမိုင်ဓမ္မသာမိဆရာတော်၏ သမိုင်းအကြောင်း ဟောပြောမည်ဖြစ်ကြောင်း၊ ထိုနောက် ပိုင်း စောဝ်ဖခမ်းနွံ အမည်ရှိသည့် စာကြည့်တိုက် ဖွင့်လှစ်သွားမည်ဟု သိရှိရသည် ။ မွေးနေ့ပွဲ သို့ ရောက်ရှိ သည့် ဧည့်သည်များအားကျွေးမွေးပြီး ၁၁ နာရီ အချိန်တွင် သံဃာတော် များ ကို ဆွမ်းကပ် မည် ဟု ပွဲကော်မတီဝင်တစ်ဦး က ပြောသည်။

“ည ၇ နာရီ အချိန်မှာ ဖျော်ဖြေပွဲကျင်းပမယ်။ ပြီးတော့ ည ၉ နာရီ အချိန်မှာ ဆရာတော်ရဲ့ မွေးနေ့ပွဲ အတွက် ဆုတောင်း ပေးပြီး မီးပုံပျံတွေလွှတ်မယ်။ ဖျော်ဖြေပွဲကတော့ ည ၁၂ နာရီ အထိကျင်းပမယ်။” ဟု လူငယ် အသင်းဝင် တစ်ဦး ကပြောသည်။

ဆရာတော်သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီး ကိုစတင်တည်ထောင်သူ လည်းဖြစ် အတွင်းရေးမှူးချုပ်လည်း ဖြစ်ပါသည်။ သာသနာ့အလင်းပေးစွမ်းတော်မူသော ကြာသုံးပွင့်ဝင် (မိုင်းဖုန်းဆရာတော် ၊ ဆရာတော် ဓမ္မသာမိ၊ ဆရာတော်စဝ်ဆုခမ်း) ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်းလည်း သျှမ်း လူထုက သတ်မှတ်ပါသည်။

“ ဆရာတော်က အင်္ဂလန်မှာဆိုတော့ လာမယ်ဆိုတာ မသေချာသေးဘူး။ တကယ်လို့ လာမယ်ဆိုရင် တော့ ညအခါမှာ တရားပွဲရှိမယ်လို့ပြောတယ်” ဟု ၄င်းက ဆက်လက်ပြောပြသည်။

Dr.အရှင်ခမ်းမိုင်ဓမ္မသာမိ၏ မွေးနေ့ပွဲကို ယခုနှစ် ပထမဆုံးအကြိမ် လူထုက ကျင်းပပေးခြင်းဖြစ်သည် ဟု သိရှိရသည်။ လာမည့် နှစ်တွင်ဆရာတော်၏ နှစ် ၅၀ ပြည့် ရွှေရတုမွေးနေ့ပွဲကို နိုဝင်ဘာ ၂၂ ရက် ၂ဝ၁၄ တွင် နောင်ပန်ရွာ ဟိုလွိုင်ကျောင်းတိုက်တွင် ကျင်းပရန်စီစဉ်ထားသည်ဟု လူငယ်အသင်းက ပြောပါသည်။

No comments:

Post a Comment