Pages

Friday, November 1, 2013

အရှုံးပြလုပ်ငန်း FMI ရင်းနှီးမြုပ်နှံမှုအပေါ် ရှယ်ယာရှင်များ စိုးရိမ်ပူပန်မှုမရှိ

1.11.2013

First Myanmar Investment ကုမ္ပဏီ၏ အရှုံးပြသတင်းစာလုပ်ငန်းသို့ ရင်းနှီးမြုပ်နှံမှုအပေါ် FMI
ရှယ်ယာရှင် တစ်ဦးအနေဖြင့် စိုးရိမ်ပူပန်စရာ မရှိကြောင်း ၎င်းကုမ္ပဏီ ရှယ်ယာရှင်တစ်ဦးဖြစ်သည့် ဦးထွန်းက ပြောကြားသည်။

လက်ရှိ မီဒီယာလုပ်ငန်း၌ လုပ်ကိုင်နေသူအများစုကနေ့စဉ်ထုတ်သတင်းစာများသည် အရှုံးပေါ်လျက်ရှိ
သည်ကို ၀န်ခံထားခဲ့ကြပြီး ထိုသို့ သတင်းစာထုတ်ဝေခြင်း လုပ်ငန်း၌ FMI ၏၀င်ရောက်ရင်းနှီးမြှုပ်နှံမှု
အပေါ် ၎င်းအနေဖြင့် စိုးရိမ်ပူပန်မှုမရှိကြောင်းပြောကြားသည်။

ရင်းနှီးမြှုပ်နှံခြင်းသည် FMI ကုမ္ပဏီကိစ္စသာဖြစ်ကြောင်းယင်းအပေါ်မှာ မည်သို့မျှထင်မြင်မယူဆကြောင်း ၎င်းက
ဆိုသည်။

ပြည်တွင်းမီဒီယာလုပ်ငန်း၌ သတင်းစာထုတ်သောလုပ်ငန်းများသည် စတင်ထုတ်ဝေသည့်အချိန်မှစ၍
အရှုံးပြလျက်ရှိသည့် လုပ်ငန်းတစ်ခုအဖြစ် လူအများက လက်ခံထားကြသည်။

FMI ကုမ္ပဏီသည် ပြီးခဲ့ရက်ပိုင်းအတွင်းမှစ၍ မဇ္ဈိမမီဒီယာဂရုတွင် ရင်နှီးမြှုပ်နှံ့မှုများပြုလုပ်ခဲ့ပြီး နောက် ရှယ်ယာရှင်များအကြားတွင် မေးခွန်း များ ထွက်ပေါ်ခဲ့သည်။

“စောင်ရေများတာနဲ့ စာမျက်နှာပေါ်မူတည်ပြီး အရှုံးအမြတ်နဲတာ များတာပဲကွာပါတယ်” ဟု Living Color
Media မှ The Voice Daily တာဝန်ခံအယ်ဒီတာ ဦးကျော်ဆန်းမင်းက ပြောကြားသည်။

သတင်းစာလုပ်ငန်းသည် စီးပွားရေးကြော်ငြာထည့်ဝင်မှု သတင်းစာရောင်းချမှုဈေးနှုန်းနှင့် ပြည်သူများပင် ၀ယ်ယူ
အားပေးသည့် အနေအထားကြောင့် လက်ရှိအနေအထားမှာ အရှုံးပြသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

လင်းသစ်

People  Power

No comments:

Post a Comment