Pages

Friday, November 1, 2013

Forbes မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာ အရှိဆုံး စာရင်း၌ အိုဘားမားကို ကျော်တက်၍ ရုရှား သမ္မတ ဗလာဒီမာပူတင် ထိပ်ဆုံးမှ ရပ်တည်


Friday, November 1, 2013

ဆီးရီးယားအရေးကိစ္စကို ရုရှားက ကြားဝင် ဖြေရှင်းမှု အောင်မြင်ပြီးနောက် Forbes မဂ္ဂဇင်း တွင် ကမ္ဘာ့ သြဇာ အာဏာ အရှိဆုံး စာရင်း၌ သုံးနှစ်ကြာ နေရာယူခဲ့သော အမေရိကန် သမ္မတ အိုဘားမား၏ နေရာကို ရုရှား သမ္မတဗလာဒီမာပူတင်က ရရှိသွားကြောင်း သိရသည်။

Forbes မဂ္ဂဇင်းတွင် အမေရိကန် သမ္မတ အိုဘားမားက ကမ္ဘာ့ သြဇာအာဏာ အရှိဆုံး စာရင်း၌ ဒုတိယ နေရာ ကို ရရှိသွားသည်မှာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ရုရှား နိုင်ငံတွင် ၁၂ နှစ်ကြာ သြဇာအာဏာ လွှမ်းမိုးလျက်ရှိသော ဗလာဒီမာပူတင်သည် ပြီးခဲ့သည့် ဧပြီလက သမ္မတအဖြစ် ထပ်မံ အရွေးခံခဲ့ရသည်။ ရုရှား အစိုးရသည် အမေရိကန် အစိုးရ၏ ထောက်လှမ်းရေး အစီအစဉ် များကို လူသိရှင်ကြား ထုတ်ဖော်ခဲ့သည့် အမျိုးသား လုံခြုံရေး အေဂျင်စီ(NSA) မှ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သူ အက်ဒ်ဝပ်စနိုဒန်အား နိုင်ငံ ရေး ခိုလှုံခွင့်ပေးမည်ဟု ယခုနှစ် သြဂုတ်လ အတွင်းက ကြေညာခဲ့သည်။

အမေရိကန် ပြည်ထောင်စုတွင် အသုံးစရိတ်နှင့် ကြွေးမြီပြဿနာများနှင့် စပ်လျဉ်း၍ အစိုးရ လုပ်ငန်းများ ၁၆ ရက်ကြာ ရပ်ဆိုင်းခဲ့ရသည့်အပေါ် သမ္မတ အိုဘားမား အနေဖြင့် ပြစ်တင် ဝေဖန် ခံရလျက်ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment