Pages

Friday, November 8, 2013

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့အကြား စီမံကိန်း ဆိုင်ရာဆွေးနွေးချက် မှတ်တမ်း လက်မှတ် ရေးထိုး



နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency) တို့အကြား ''မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသား လူမျိုးစု များအား ထောက်ပံ့ ကူညီပေးရန် ဒေသတွင်း ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်း ဆိုင်ရာ ဆွေးနွေးချက် မှတ်တမ်း (Record of Discussion) '' လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက အမှာစကား ပြောကြားပြီး ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Chief Representative ဖြစ်သူ Mr. Masahiko Tanaka မှ စီမံကိန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ သည်။ ထို့နောက် ''မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသား လူမျိုးစုများအား ထောက်ပံ့ ကူညီပေးရန် ဒေသတွင်း ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်း ဆိုင်ရာ ဆွေးနွေးချက် မှတ်တမ်း''အား နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှနှင့် (JICA) မြန်မာရုံးမှ Chief Representative ဖြစ်သူ Mr. Masahiko Tanaka တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။

အဆိုပါ စီမံကိန်းသည် နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် JICA တို့ပူးပေါင်း၍ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ခြောက်သန်းဖြင့် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် ၃ နှစ် ၇ လ ကာလ အတွင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့၌ ဒေသ တွင်း ပြောင်းရွှေ့ နေ ထိုင်သူများ၊ ပြန်လည် ဝင်ရောက် လာသူများအတွက် ပြန်လည်နေရာချ ထားရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဘက်စုံပါဝင်သည့် မဟာဗျူဟာမြောက် စီမံကိန်း တစ်ခု တိုး တက် ဖြစ်ပေါ်လာစေရေး အတွက် ဆောင် ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment