Myanmar Handsome အလုပ်သမားသပိတ်စခန်းညှိနှိုင်းမှုမရသေး
4.11.2013
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပန်းပဲဝန် ဦးရွှေဘင်လမ်းရှိ Myanmar Handsomeအထည်ချုပ်စက်ရုံအလုပ်သမားများက
အောက်တို ဘာ ၂၈ရက်မှစတင်၍ ယနေ့အထိ သပိတ်စခန်း ဖွင့်ဆန္ဒထုတ်ဖော်မှု
ခုနစ်ရက်ခန့် ရှိပြီဖြစ်သော် လည်း အလုပ်ရှင်နှင့်အလုပ်သမားများ ညှိနှိုင်း မှုမရရှိသေးကြောင်းဆန္ဒထုတ်ဖော်လျက်ရှိသော အလုပ်သမားများကပြောသည်။
သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်မှုတွင်အထည် ချုပ်စက်ရုံအလုပ်သမားများမှ တောင်းဆိုမှုအနေ ဖြင့် အမျိုးသမီး များ သန့်စင်ခန်းရှေ့တွင်
တပ်ဆင် ထားသော CCTV ကင်မရာအား တပ်ဆင်ခြင်း မပြုရန်၊
အကြောင်းအမျိုး မျိုးဖြင့် အလုပ်ထုတ် လိုက်သော အလုပ်သမားခေါင်းဆောင်ကိုစည်သူ
မင်းအား အလုပ်ပြန်လည်ခန့်အပ်ရန်၊ ယခုနှစ် အောက်တိုဘာ ၉ရက်တွင်
ချုပ်ဆိုခဲ့သော အလုပ်ရှင်နှင့်အလုပ်သမား သဘောတူညီချက် များကို
မှန်ကန်စွာဆောင်ရွက်ပေးရန်နှင့် ဆန္ဒ ထုတ်ဖော်နေစဉ်အတွင်း အလုပ်သမားများ၏ လုပ်အားခဖြတ်တောက်ခြင်း မပြုရန်တို့ပါဝင်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့မှ အလုပ်သမားများနှင့် အလုပ် ရှင်ကြား
ဝင်ရောက်ဖြေရှင်းမှု ခုနစ်ကြိမ်ရှိသော်လည်း ညှိနှိုင်းမှုမရသေးကြောင်း
အလုပ်သမားများထဲ မှ ခေါင်းဆောင်သူ ကိုရန်နိုင်ဦးကပြောသည်။
''ဆန္ဒထုတ်ဖော်တာက စက်ရုံထဲမှာ သုံး ရက်၊ အပြင်မှာက လေးရက်
ပေါင်းခုနစ်ရက်ရှိ သွားပြီ။ ညှိနှိုင်းမှုမရသေး ဘူး။ ဆန္ဒထုတ်ဖော်မှု ကို
ညှိနှိုင်းမှုရတဲ့အထိ ဆန္ဒထုတ်ဖော်သွားမယ်။ မရရင် သက်ဆိုင်ရာဌာနတွေကို
တိုင်ကြားဖို့အထိ ဆောင်ရွက်သွားမယ်''ဟု အလုပ်သမားများထဲမှ မချိုရီဝင်းက
ပြောသည်။
သပိတ်စခန်းဖွင့်ထားသော စက်ရုံအလုပ် သမားများကို
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးနှင့်
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ
တာဝန်ရှိသူများက ညှိနှိုင်းပေးခြင်း၊ ကူညီ ပေးခြင်းနှင့် သပိတ်စခန်းတွင်
အမျိုးသမီးများ၏ လုံခြုံရေး အတွက် ဆောင်ရွက်ပေး လျက်ရှိပြီး
ယင်းဆန္ဒထုတ်ဖော်မှုတွင် အလုပ်သမား ၂ဝဝ ကျော်ပါဝင်၍ သပိတ်စခန်းဖွင့်ချိန်မှစ၍
ယနေ့ အထိ စေတနာရှင်များမှ လာရောက်လှူဒါန်းမှု စုစုပေါင်း
ကျပ်ရှစ်သိန်းဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။
The Union Daily
No comments:
Post a Comment